11.24.2013

ytalk ဆော့ဝဲလ် အသစ်

Y-talk  မှ တစ်ဆင့်ဖျော်ဖြေရေးကဏ္ဍများပါဝင်တဲ့ Y talk HD Software  သစ်ကို လာမယ့် ဒီဇင်ဘာလအတွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့
နိုဝင်ဘာလ(၂၂)ရက် နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Y talk  စာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ Y talk HD Software  မှာဆိုရင် အထူးကဏ္ဍအနေနဲ့ သတင်း၊ ဗေဒင်၊ အားကစား၊ သတင်း၊ စကားဝိုင်းနဲ့ ကံစမ်းမဲအစီအစဉ် အစရှိတဲ့ ကဏ္ဍများကို တင်ဆက်ဖြေကြားပေးမယ့် အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
 
သတင်းကဏ္ဍအနေနဲ့ ပြည်တွင်း၊ ပြည်ပသတင်းများ အနုပညာသတင်းများ ပါဝင်မှာဖြစ်ပြီး စကားဝိုင်းများကဏ္ဍထဲမှ တစ်ဦးချင်းစကားဝိုင်းများ၊ အဖွဲ့လိုက်စကားဝိုင်းများ ပါဝင်ပြီး ကိုယ်တိုင်ဝင်ရောက်ပြောနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကဏ္ဍတွေကို ပင်လယ်ကူးသင်္ဘောထဲမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 
ဒါ့အပြင် Y talk HD Software  သစ်ရှိပါက ပြည်ပကို အလွယ်တကူ SMS ပို့နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအသုံးပြုမှုများကို အင်တာနက်နဲ့ ဖြစ်စေ၊ အင်တာနက်မပါဘဲနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Y talk HD Software  သစ်ကို www.ytalk.com, Google play, Apple Application store တို့မှာ Download  ရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
 
 

No comments:

Post a Comment

သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်

ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်

ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway