အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ထုတ်လုပ်ထားပြီး မြန်မာစာစနစ် ပထမဆုံး ထည့်သွင်း အသုံးပြုထားသော LG စမတ်ဖုန်း LG Optimus G Pro ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်နေ့၌ စတင်ရောင်းချမည် ဖြစ်ကြောင်း LG Electronics ထံမှသိရသည်။
အဆိုပါဖုန်းသည် ၂၀၁၃ ခုနှစ်၏ အကောင်းဆုံး 4G LTE ဆု ရရှိထားပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံတွင် အလုံးရေ ၅၀၀ ကျော် စတင် ရောင်းချမည်ဖြစ်ပြီး ရောင်းအားပေါ်မူတည်၍ ထပ်မံတင်သွင်းမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
“LG ရဲ့ Optimus G Pro ကို အာရှဈေးကွက်အတွင်းမှာ အောင်မြင်နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်” ဟု LG Electronics Mobile Communication ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Dr.Jong-seok Park က ပြောကြားသည်။
၁၃ မဂ္ဂါပစ်စယ် ကင်မရာ ပါဝင်သော အဆိုပါဖုန်းကို ၆၂၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လူကြီးမင်း၊ Technoland၊ Unique, Phone Corner၊ E-City, Best One, Mr.Fone, ICE, Hello Mobile, Do Co Mo, Touch Mobile ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
LG Electronic ကုမ္ပဏီက အောက်တိုဘာလအတွင်း နောက်ဆုံးထုတ် LG G2 အမျိုးအစား ဖုန်းများကိုလည်း မြန်မာနိုင်ငံသို့ တင်သွင်းရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
“မြန်မာစာစနစ်ပါတယ် ဆိုပေမယ့်လည်း မြန်မာစာစနစ်ပါတဲ့ ဖုန်းတွေက ဈေးတော်တော်မြင့်တယ်။ မပါရင်လည်း ဒီအတိုင်းအပြင်မှာ ထည့်လို့ရနေတာပဲ။ မြန်မာစာစနစ်ပါတာ မပါတာထက် ဈေးနှုန်းက ပိုအရေးကြီးတယ်” ဟု Star မိုဘိုင်းလ်ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
လက်ရှိအချိန်တွင် မြန်မာစာစနစ် ထည့်သွင်းပေးထားသော HTC Butterfly ခြောက်သိန်းနီးပါး၊ HTC One ခြောက်သိန်းခွဲခန့်၊ JAS 6 တစ်သိန်းကျော်သည့် စမတ်ဖုန်းများ ဈေးကွက်အတွင်း ရောင်းအား အသင့်အတင့် ရှိကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်
ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway
-
ဒါလေးကတော့သန်လျှန်GTCကနာမည်ကြီးနေတဲ့ VIDEOလေးပါ ကြည့်ချင်ရင်တော့အောက်လင့်လေးကနေကြည့်လိုက်ပေါ့နေ...
-
From : ..wirathu "ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း" ခေါင်းစဉ်ဖြင့် 19.4.2013 နေ့က တင်ခဲ့တဲ့ သတင်းထ...
-
မိမိဖုန်း ဘာအမျိုးစားလဲ၊ အထဲမှာ ဘာတွေပါဝင်လဲ၊ မှန်ပြင်အကျယ်ဘယ်လောက်ရှိလဲ၊အင်တာနက်အမျိုးစားက ဘာလဲ ..အစရှိသဖြင့် ကိုယ်ကိုင်နေတဲ့ဖုန်းရ...
No comments:
Post a Comment
သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်