11.24.2013

(၁၃၃၁)သို့ Message ပို့ပြီး မိုဘိုင်းဖုန်းဝန်ဆောင်မှုအသစ်(၄)ခုကို စတင်အသုံးပြုနိုင် ပြီဖြစ်ခြင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ယခု နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု အသစ်(၄)ခုကို စတင်လုပ်ဆောင်ပေးလျက်
ရှိတယ်လို့ သိရပါတယ်။  အဆိုပါ ၀န်ဆောင်မှုတွေကတော့ Call Forwarding Service ? Call Waiting ? Voice Mail နဲ့  Miss Call Alert Service  တို့ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုတွေကို  GSM ဘိုင်းဖုန်းအသုံးပြုသူတွေ အနေနဲ့ (၁၃၃၁)သို့ Message  ပို့ပြီး Call Forward  အသုံးပြုလိုပါက  Orderdata CF  လို့ ရိုက်နှိပ် ရမှာ ဖြစ်ပြီး အဆိုပါ ၀န်ဆောင်မှုအတွက် ဖုန်းငွေဖြည့်ကဒ်ထဲမှ လစဉ်(၉၀၀၀)ကျပ်ကို ဖြတ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို Message  ပို့ရာမှာတော့  GSM  မိုဘိုင်းဖုန်းတွေသာပိုမိုအဆင်ပြေမှာဖြစ်ပြီးCDMA 800 နဲ့  CDMA450 အတွက်ကတော့ အလုံမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှာ ပြုလုပ်ရ မှာဖြစ်တယ်လို့ သိရပါတယ်။
 
Call Waiting  အတွက် ၀န်ဆောင်ခအနေနဲ့ကတော့ လစဉ်(၅၀၀) ကျပ်ဖြစ်ပြီး Orderdata CW  ၊Orderdata CH   ဟု တစ်စောင်စီ (၁၃၃၁)သို့ Message ပေးပို့ရမှာဖြစ်ပြီး Voice Mail  အတွက်ကိုတော့ Orderdata VMSS နဲ့  Misscall Alert  အတွက်ကိုတော့ Orderdata MCA  လို့ Message  ပေးပို့ရမှာဖြစ်ပြီး လစဉ် ငွေကျပ်(၁၀၀၀)ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ (၁၅၀၀) GSM  ဖုန်းတွေအနေနဲ့ လည်း အသုံးပြုနိုင်မှာဖြစ်ပြီး (၁၅၀၀)တန် WCDMA ဖုန်းများတော့ အသုံးပြုလို့ မရရှိသေးဘူးလို့ သိရပါတယ်။
 
 
 

No comments:

Post a Comment

သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်

ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်

ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway