11.23.2013
သဇင် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ ဖာရုပ်သီချင်းအကြောင်း
မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။ ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ။ “ကျမတို့ကို ဝေဖန်ထားတဲ့ သူတွေက စပွန်ဆာ ယူထားတဲ့သူတွေချည်းပဲ ဖြစ်နေတယ်။ ဒါ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာပဲလေ။ ကြိုက်တဲ့သူနဲ့ ကြိုက်သလို နေလို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ သူတွေကို မနှိမ်သင့်ဘူး၊ ..... အဲဒီမှာ ကျမ အိုင်ဒီယာတခု ရသွားတာ။ ..... သူတို့ရဲ့ မှားနေတာတွေကို ပြန်ပြီးတော့ မြင်စေချင်တာ။ အဲဒီလိုမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီသီချင်းကို ကျမတို့ ဆိုဖြစ်တာပါ” လို့ ပြောပြပါတယ်။ YAK သဇင် က ဧရာဝတီကို အဲဒီလို ပြောပြပါတယ်။ “တည့်ပဲ ဆော်မယ်ကွာ၊ တည့်မှ ထိတာ ဆိုပြီးတော့ ရေးလိုက်တာပါ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး YAK က ရိုင်းရင် ရိုင်းသွားမယ်ပေါ့နော်။ ဒါပေမယ့် ဒါတွေဟာ တကယ့် အဖြစ်အမှန်တွေပါလို့ ပရိသတ်ကြီးကို သိစေချင်ပါတယ်” လို့ သဇင်က ပြောပါတယ်။ YAK သဇင် ပြောပြချက် အပြည့်စုံ ပါဝင်တဲ့ သတင်းအပြည့်အစုံကိုတော့ http://burma.irrawaddy.org/archives/42414 မှာ ဖတ်နိုင်ပါတယ်။ ဒီသဇင်က YAK သဇင် ဖြစ်ပါတယ်။ No အဖွဲ့ဝင်ဟောင်း သဇင် မဟုတ်ပါ။
Subscribe to:
Post Comments (Atom)
ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်
ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway
-
ဒါလေးကတော့သန်လျှန်GTCကနာမည်ကြီးနေတဲ့ VIDEOလေးပါ ကြည့်ချင်ရင်တော့အောက်လင့်လေးကနေကြည့်လိုက်ပေါ့နေ...
-
From : ..wirathu "ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း" ခေါင်းစဉ်ဖြင့် 19.4.2013 နေ့က တင်ခဲ့တဲ့ သတင်းထ...
-
မိမိဖုန်း ဘာအမျိုးစားလဲ၊ အထဲမှာ ဘာတွေပါဝင်လဲ၊ မှန်ပြင်အကျယ်ဘယ်လောက်ရှိလဲ၊အင်တာနက်အမျိုးစားက ဘာလဲ ..အစရှိသဖြင့် ကိုယ်ကိုင်နေတဲ့ဖုန်းရ...
No comments:
Post a Comment
သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်