11.30.2013

ဖုန်းနဲ့ အင်တာနက် ကို free သုံးမယ်

ဒီနည်းလေးးကတော့ ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက်တာပါ...။အသုံးဝင်မယ်လို့ 
လည်း ထင်ပါတယ်..။ကျနော်ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူးတင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေးပဲဗျာ..။ 

ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D

1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)
2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်
(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)
3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။
(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace (GT-S5830i) andriod version 2.3.6 Root လုပ်ထားပါတယ်။ အဲဒီ Device စမ်းသပ်ထားတာဖြစ်လို့
Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်) Kali Linux-Gnome (32bit) ပါ ဖုန်းကနေ USB Tethering လုပ်လိုက်တာနဲ့ auto ချိတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး တကယ်လို အဲလိုမရဘူးဆိုရင်  
Backtrack Myanmar Group ကိုသွားပြီးမေးကြည့်ပါ။

Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names
ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်


---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ
---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ
---Proxy နေရာမှာ 110.100.3.2 လို့ရေးပါ
---Port နေရာမှာ 9209 လို့ရးပါ
---User name နေရာမှာ ppp လို့ထည့်ပါ
---Password နေရာမှာ ppp123 လို့ရေးပါ
---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ
---MCC တော့ 414 ပါပဲ
---MNC တော့ 01 ပါ
---Authentication type မှာ CHAP ကိုရွေးပါ
---APN type မှာ Internet ကိုရွေးပါ 
ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ။

ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါ
ဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်။
ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ်။ အင်တာနက်တက်ပြီးဆိုတာနဲ့ *124# ကို ဖုန်းက Check လုပ်လိုက်ပါ။
တတ်နိုင်ရင် ဖုန်းထဲက background data တို့ sync တို့ကို ပိတ်ထားလိုက်ပါ ပြီးရင်သုံးလို့ ရပါပြီ။

*_အရေးကြီးဆုံးတစ်ခုက ကွန်ပျုတာမပိတ်မှီ သို့မဟုတ် tethering ကိုမဖြုတ်မှီ ဖုန်းကအင်တာနက်ကို အရင် ပိတ်ရပါမည်။ ဒီလိုမှမဟုတ်ရင်ပိုက်ပိုက်ဖြတ်ပါတယ်_*

MPT က မပိတ်သရွေ့တော့ရနေပါလိမ့်မယ်။ ပိတ်သွားရင် တားတားလဲမတတ်နိုင်ပု ဟိဟိ။

ဖြည့်စွက်ချက် ။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrakနဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ။

Screenshot:











Kali Linux ကို ဒေါင်းချင်ရင် ဒီ ကိုသွားပါ။

Kali OS, BT တွေအကြောင်းအသေးစိတ်သိချင် ဒီ ဂရုကိုသွားပါ။ အားလုံးပဲ အဆင်ပြေပါေ

Windows 8 တင်နည်း



Windows 8 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ်
ပါတယ်။တကယ်လို့ သင်ဟာ Windows 8 သွင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံးဝ အသုံးဝင်မယ်လို့ အာမခံပါတယ်။ကဲ  
Windows 8 ကိုဘယ်လို တင်ရလဲဆိုတာကို ကြည့်ရအောင်။


သင့်ရဲ့ File များကို Backup အရင်လုပ်ပါ။

ဟုတ်ကဲ့ Windows 8 ကိုမတင်ခင် သင့်ရဲ့ အရေးကြီးတဲ့ File များကို Backupအရင်လုပ်ထားသင့်ပါတယ်။
ဥပမာ-သင့် Computer ရဲ့ Partition တစ်ခုခုထဲ ပဲဖြစ်ဖြစ် ၊ External Hard Disk ထဲပဲဖြစ်ဖြစ် ဒါမှမဟုတ်
DVD အခွေထဲတွေမှာ သင့်ရဲ့ အရေးကြီး တဲ့ Data တွေကို Backup လုပ်ထားသင့်ပါတယ်။

ကဲ Windows 8 ကို တင်ရအောင်။

သင့်ရဲ့ PC ကို Restart ချပါ။ စက်ပြန်တတ်တတ်ချင်း F2 (သို့) Delete ကိုနှိပ် ပြီးရင် First Boot Device မှာ သင့်ရဲ့ DVD Drive ကိုထားပါ။ဒါမှမဟုတ် F12 ကိုနှိပ်ပြီး DVD Drive ကိုရွေးပါ။ပြီးရင်
ပုံ  မှာပြထားတဲ့ ပေါ်လာပြီး အဲ့ဒီနေရာမှာ Second အနည်းငယ်ကြပါလိမ့်မယ်။



မိနစ် အနည်းငယ်ကြာတဲအခါမှာ ပုံ မှာပြထားတဲ့ အတိုင်းပေါ်လာပြီး ပေါ်လာတဲ့ အထဲမှာ ဘာမှာ
မပြောင်းလဲ ပဲ Next ကိုနှိပ်ပါ။

Next Button ကိုနှိပ်ပြီး သွားရင် ပုံ မှာပြထားတဲ့ အတိုင်း Windows Setup Screen ပေါ်လာပါလိမ့်မယ်။
Install Now ကိုနှိပ်ပါ။

Install Now Button ကိုနှိပ်ပြီးသွားရင် ပုံ  မှာပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ်။အဲ့ဒီ မှာ Product Key
ကိုထည့်ပြီး Next ကိုနှိပ်ပါ။


ပြီးရင် Microsoft ရဲ့ Software License Agreement Windows ကိုမြင်ရပါလိမ့်မယ်။လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကိုနှိပ်ပါ။

Next ကိုနှိပ်ပြီး သွားရင် ရွေးချယ်စရာ နှစ်ခုကို တွေ့ရပါလိမ့်မယ်။အခု ကျွန်တော်တို့က Windows ကိုလုံးဝ
အသစ်သွင်းမှာ ဆိုတော့ Custom ကိုရွေးရမှာဖြစ်ပါတယ်။(တကယ်လို့ သင်ဟာ အရင် ရှိပြီးသား Windows ပေါ်မှာ ပဲ Windows 8 ကို Install လုပ်မယ်ဆိုရင် Upgrade ကိုရွေးပါ။)

ဘယ် Partition မှာ သွင်းမှာ လဲ ဆိုပြီး ပုံ  မှာပြထားတဲ့ အတိုင်းတွေ့ရပြီ ဆိုရင် သင် Install လုပ်ချင်တဲ့
Partition ကို Click တစ်ချက်နှိပ် ပြီးရင် Drive Options (Advanced) ဆိုတဲ့ စာသားကို Click တစ်ချက်နှိပ်
Format ဆိုပြီးတွေ့ရလိမ့်မယ်။အဲ့ဒီ Format ကိုနှိပ်ပြီး Partition ကို Format လုပ်မှာဖြစ်ပါတယ်။Format ကိုနှိပ်လိုက်ရင် Windows တစ်ခုပေါ်လာပြီး Format တကယ်လုပ်မှာ လို့မေးလိမ့်မယ်။
(အရေးအကြီးဆုံး သင် Format လုပ်တဲ့အခါမှာ Partition တွေမမှား ပါစေနဲ့။)

Partition ကို Format လုပ်ပြီးသွားရင် Next ကိုနှိပ်ပါ။ ပုံ  မှာပြထားတဲ့ Windows file တွေကို Hard Drive မှာ Copy လုပ်ပြီး Windows 8 ကိုသင့်ရဲ့ PC မှာတင်နေပါပြီ။နည်းနည်းတော့ ကြာလိမ့်မယ်။

ပြီးရင် Restart ကြသွားလိမ့်မယ်။


Restart ပြန်တတ်လာ တဲ့အခါ ပုံ  မှာပြထားတဲ့ အတိုင်းမြင်ရပြီး။Restart နောက်တစ်ခါ ကြသွားလိမ့်မယ်။

Restart ကနေပြန်တတ်လာတဲ့ အခါ အောက်ပုံတွေမှာ ပြထားတဲ့ အတိုင်း အရောင်ရွေး ၊ နာမည် ပေးပြီး Next ကိုနှိပ်ပါ။နောက်ခု Setting ဆိုပြီးပေါ်လာလိမ့်မယ်။ Use Express Setting ကိုနှိပ်ပါ။

နောက်ပြီး Sign in ဆိုပြီးပေါ်လာလိမ့်မယ်။သင်ရဲ့ email address ကိုထည့်ပါ။(ကြိုက်တဲ့ Email Address)

ကဲ အောက်မှာ ပြထားတဲ့ ပုံတွေ ထဲကအတိုင်းပေါ်လာရင် သင့်ရဲ့ PC မှာ Windows 8 ကိုသွင်းလို့ပြီးသွားပါပြီ။



ကျွန်တော်လည်း akm ဆိုတဲ့ ဘလော့ဆိုက်မှ ပြန်လေ့လာမိတာ အဲ့တာသိမ်းထားတာ
အခုမေးတဲ့သူတွေရှိလာတော့ ကျွန်တော်အချိန်မရတာနဲ့ပဲမေးထဲကသိမ်းထားတာကိုပြန်၇ှယ်ပေးလိုက်ပါတယ်ခင်ဗျာ

မန်မာစာစနစ်ပါ ပထမဆုံး LG ဖုန်း သြဂုတ် ၁၀ ရက် စရောင်းမည်


  • The Voice | 9-8-2013 |
မြန်မာစာစနစ်ပါ ပထမဆုံး LG ဖုန်း သြဂုတ် ၁၀ ရက် စရောင်းမည်

အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ထုတ်လုပ်ထားပြီး မြန်မာစာစနစ် ပထမဆုံး ထည့်သွင်း အသုံးပြုထားသော LG စမတ်ဖုန်း LG Optimus G Pro ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်နေ့၌ စတင်ရောင်းချမည် ဖြစ်ကြောင်း LG Electronics ထံမှသိရသည်။

အဆိုပါဖုန်းသည် ၂၀၁၃ ခုနှစ်၏ အကောင်းဆုံး 4G LTE ဆု ရရှိထားပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံတွင် အလုံးရေ ၅၀၀ ကျော် စတင် ရောင်းချမည်ဖြစ်ပြီး ရောင်းအားပေါ်မူတည်၍ ထပ်မံတင်သွင်းမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“LG ရဲ့ Optimus G Pro ကို အာရှဈေးကွက်အတွင်းမှာ အောင်မြင်နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်” ဟု LG Electronics Mobile Communication ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Dr.Jong-seok Park က ပြောကြားသည်။

၁၃ မဂ္ဂါပစ်စယ် ကင်မရာ ပါဝင်သော အဆိုပါဖုန်းကို ၆၂၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လူကြီးမင်း၊ Technoland၊ Unique, Phone Corner၊ E-City, Best One, Mr.Fone, ICE, Hello Mobile, Do Co Mo, Touch Mobile ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

LG Electronic ကုမ္ပဏီက အောက်တိုဘာလအတွင်း နောက်ဆုံးထုတ် LG G2 အမျိုးအစား ဖုန်းများကိုလည်း မြန်မာနိုင်ငံသို့ တင်သွင်းရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“မြန်မာစာစနစ်ပါတယ် ဆိုပေမယ့်လည်း မြန်မာစာစနစ်ပါတဲ့ ဖုန်းတွေက ဈေးတော်တော်မြင့်တယ်။ မပါရင်လည်း ဒီအတိုင်းအပြင်မှာ ထည့်လို့ရနေတာပဲ။ မြန်မာစာစနစ်ပါတာ မပါတာထက် ဈေးနှုန်းက ပိုအရေးကြီးတယ်” ဟု Star မိုဘိုင်းလ်ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

လက်ရှိအချိန်တွင် မြန်မာစာစနစ် ထည့်သွင်းပေးထားသော HTC Butterfly ခြောက်သိန်းနီးပါး၊ HTC One ခြောက်သိန်းခွဲခန့်၊ JAS 6 တစ်သိန်းကျော်သည့် စမတ်ဖုန်းများ ဈေးကွက်အတွင်း ရောင်းအား အသင့်အတင့် ရှိကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များထံမှ သိရသည်။

    အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ထုတ်လုပ်ထားပြီး မြန်မာစာစနစ် ပထမဆုံး ထည့်သွင်း အသုံးပြုထားသော LG စမတ်ဖုန်း LG Optimus G Pro ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်နေ့၌ စတင်ရောင်းချမည် ဖြစ်ကြောင်း LG Electronics ထံမှသိရသည်။

    အဆိုပါဖုန်းသည် ၂၀၁၃ ခုနှစ်၏ အကောင်းဆုံး 4G LTE ဆု ရရှိထားပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံတွင် အလုံးရေ ၅၀၀ ကျော် စတင် ရောင်းချမည်ဖြစ်ပြီး ရောင်းအားပေါ်မူတည်၍ ထပ်မံတင်သွင်းမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

    “LG ရဲ့ Optimus G Pro ကို အာရှဈေးကွက်အတွင်းမှာ အောင်မြင်နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်” ဟု LG Electronics Mobile Communication ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Dr.Jong-seok Park က ပြောကြားသည်။

    ၁၃ မဂ္ဂါပစ်စယ် ကင်မရာ ပါဝင်သော အဆိုပါဖုန်းကို ၆၂၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လူကြီးမင်း၊ Technoland၊ Unique, Phone Corner၊ E-City, Best One, Mr.Fone, ICE, Hello Mobile, Do Co Mo, Touch Mobile ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

    LG Electronic ကုမ္ပဏီက အောက်တိုဘာလအတွင်း နောက်ဆုံးထုတ် LG G2 အမျိုးအစား ဖုန်းများကိုလည်း မြန်မာနိုင်ငံသို့ တင်သွင်းရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

    “မြန်မာစာစနစ်ပါတယ် ဆိုပေမယ့်လည်း မြန်မာစာစနစ်ပါတဲ့ ဖုန်းတွေက ဈေးတော်တော်မြင့်တယ်။ မပါရင်လည်း ဒီအတိုင်းအပြင်မှာ ထည့်လို့ရနေတာပဲ။ မြန်မာစာစနစ်ပါတာ မပါတာထက် ဈေးနှုန်းက ပိုအရေးကြီးတယ်” ဟု Star မိုဘိုင်းလ်ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

    လက်ရှိအချိန်တွင် မြန်မာစာစနစ် ထည့်သွင်းပေးထားသော HTC Butterfly ခြောက်သိန်းနီးပါး၊ HTC One ခြောက်သိန်းခွဲခန့်၊ JAS 6 တစ်သိန်းကျော်သည့် စမတ်ဖုန်းများ ဈေးကွက်အတွင်း ရောင်းအား အသင့်အတင့် ရှိကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များထံမှ သိရသည်။

11.28.2013

ဖုန်း လွယ်လွယ်လေး root ချမယ်

ဒီနည်းက z4root နဲ့  အဆင်မပြေတဲ့သူတွေအတွက်ပါ။
GingerBreak-v1.20.apk လေးကို ဖုန်းထဲမှာ install လုပ်ပြီး root လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။


Download GingerBreak-v1.20.apk

1. အရင်ဆုံး Settings >> Applications >> Unknown Sources ကို အမှန်ခြစ်ပေးလိုက်ပါ။
Settings >> Applications >> Development >> USB Debugging ကို လဲ အမှန်ခြစ်ပေးလိုက်ပါ။









2. အပေါ်ကအဆင့်ပြီးသွားရင် ဖုန်းထဲမှာ GingerBreak Application လေးကိုဖွင့်ပြီး Root Device ကိုနှိပ်လိုက်ပါ။

Root လုပ်နေချိန်ကို ခဏစောင့်လိုက်ပါ။ Root လုပ်ပြီးသွားရင် ဖုန်း reboot ဖြစ်သွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ သင့်ဖုန်းဟာ root လုပ်ပြီးသားဖုန်း ဖြစ်သွားပါပြီ။ Superuser ဆိုတဲ့ Application လေးတစ်ခု တိုးလာတာကိုတွေ့ ရလိမ့်မယ်။

11.25.2013

facebook Account ကို ဖုန်းနဲ့ဖွင့်မယ်

Facebook Account အသစ်ကို သင်ကိုယ်တိုင် ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်းလေးပါ။ Confirm Code ရိုက်ဖြည့်စရာမလိုသလို Connection ကောင်းလျင် အချိန် (၁၀) မိနစ်ခန့်သာ ကြာနိုင်ပါသည်။ ရှေးဦးစွာ gmail အကောင့်လိုအပ်ပါတယ်။

၁။ gmail အကောင့်ဖွင့်ရန် ဖုန်းမှာ gmail app ရှိရပါမယ်။ gmail app ဖွင့်ဝင်ပြီးလျင် ထို app မှ setting ကိုဝင်ပါ။ add account ကိုနှိပ်ပါ။ next ကိုနှိပ်ပါ။ ထို့နောက် ထပ်ပေါ်လာသော create နှင့် sign in မှ create ကို နှိပ်ပါ။

၂။ Add a Google Account အတွက် first name, last name ကို ဖြည့်ပါ။ username တွင် သင်အသုံးပြုလိုသည့် နာမည်ထည့်ပါ။ ထိုနာမည်သည် သင်၏ email address ဖြစ်လာပါမည်။ သေချာစွာ မှတ်သားထားပါ။ နာမည်တူရှိလျင် သင်ရွေးချယ်ရန် အခြားနာမည် ပေးလာပါမည်။ ထို့နောက် next ကိုနှိပ်ပါ။

၃။ Type a password အတွက် သင့်ရဲ့ password အနည်းဆုံး ၈ လုံး ရိုက်ထည့်ပေးပါ။ ထိုအရာသည် သင်၏ gmail password ဖြစ်ပါသည်။ သေချာစွာ မှတ်သားထားပါ။ confirm password တွင် ထို password ကို ပြန်ရိုက်ထည့်ပါ။ ထို့နောက် next ကို နှိပ်ပါ။

၎။ Security question ကို သင်ကြိုက်ရာရွေးပါ။ Answer တွင် ဖြေပါ။ Secondary email တွင် သင့်မှာရှိလျင် ထည့်ပါ။ မရှိလျင်လည်း ထားခဲ့ပါ။ Create ကို နှိပ်ပါ။ Google Term Service တွင် English ကိုရွေးပါ။ I agree, Next ကိုနှိပ်ပါ။

၅။ ဖော်ပြထားသော စာလုံးများကို ရိုက်ထည့်ပါ။ Next ကိုနှိပ်ပါ။ ထို့နောက် Finish ကို နှိပ်ပါ။ Add a Google Account ပေါ်လာသည်တွင် Finish setup ကို နှိပ်ပါ။ သင် Gmail account တစ်ခုရသွားပါပြီ။ Refresh ဖြစ်စေရန် Menu> Setting> Account and sync ၀င်ပြီး sync လုပ်လိုက်လျင် သင့် Mail box ထဲသို့ Gmail Team မှ အသိအမှတ်ပြုသော Mail ၃ စောင် ရောက်လာပါမည်။ Gmail account ရပြီးလျင် Facebook account ဆက်လက်ဖွင့်နိုင်ပါပြီ။

Facebook Account အသစ်ကို ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်း

၁။ Facebook အကောင့်ဖွင့်ရန် ဖုန်းမှာ Facebook app ရှိရပါမယ်။ Facebook app ဖွင့်ဝင်ပြီးလျင် အောက်ခြေနားမှ Sign Up for Facebook ကို နှိပ်ပါ။

၂။ First Name တွင် သင်အသုံးပြုမည့် ရှေ့ အမည်၊ Surname တွင် သင်အသုံးပြုမည့် နောက် အမည်၊ Email Address or Phone Number တွင် သင်၏ gmail address
(............@gmail.com)၊ Gender တွင် ကျားဖြစ်လျင် Male, မ ဆိုလျင် Female ၊ Birthday တွင် သင့်မွေးနေ့၊ New Password တွင် သင့် Password (အနည်းဆုံး ၈ လုံး၊) တို့ကို ပြည့်စုံစွာ ဖြည့်ပေးရပါမည်။ ထို့နောက် အောက်ခြေမှ Sign Up ကို နှိပ်ပါ။

၃။ ထို့နောက် Profile information များကို ဖြည့်ပါ။ Save ကိုနှိပ်ပါ။ Search for Friends တွင် သင်သိသော သူငယ်ချင်းကို ရိုက်နှိပ်ကာ ရှာနိုင်ပါသည်။ (သူ၏ gmail လိပ်စာသိလျင် ရိုက်ထည့်ပါက ပိုမြန်ပါသည်။) ထို့နောက် Search ကိုနှိပ်ပါ။ သူ၏ name ကျလာပါမည်။ Add ကို နှိပ်လိုက်ပါ။ ထို့နောက် Next ကို နှိပ်ပါ။

၎။ သင်၏ Profile picture အတွက် Add Photo ကိုနှိပ်ပါ။ ပုံ မထည့်လိုသေးလျင်လည်း ရပါသည်။ ထို့နောက် Next ကို နှိပ်ပါ။

၅။ Confirm Your Email သို့ ရောက်ရှိပါလိမ့်မည်။ Confirm Your Email ဆိုသည့် မြန်မာပြည် Facebook အသုံးပြုသူတွေ အကြောက်ဆုံး Confirm Code ဖြည့်ခြင်း လာပါပြီ။ စိတ်မပူပါနှင့်။ Confirm Code လုံးဝဖြည့်စရာမလို၊ ဖုန်းနံပါတ်ပေးစရာမလိုတဲ့ လျှို့ဝှက်နည်းလေး ကို ပြောပြပါ့မယ်။ ဒီအတိုင်းလေးပဲ Menu ခလုတ်ကိုနှိပ်ပြီး ထွက်လိုက်ပါ။ စောစောက လုပ်ခဲ့တဲ့ Gmail application လေးကို ဖွင့်လိုက်ပါ။ သင့်ရဲ့ Gmail inbox မှာ message ၅ စောင်ရောက်နေတာ သင် တွေ့ရပါလိမ့်မည်။ 
 
(မရောက်သေးလျင် စောင့်နေပါ။) Refresh လုပ်ပါ။ ဒီအချိန်မှာ Internet Connection ကောင်းနေဖို့တော့ လိုပါသည်။ Three ways to get the most from Facebook mobile ဟူသော ခေါင်းစဉ်နှင့် ရောက်ရှိနေသော ၅ စောင်မြောက် mail ကို ဖွင့်လိုက်ပါ။ ထိုစာမျက်နှာ၏ ညာဘက်အခြမ်းတွင် *''Get Started''* ဟူသော အစိမ်းရောင် အကွက်ကလေးကို နှိပ်လိုက်ပါ။ သင်၏ Facebook စာမျက်နှာသို့ ပြန်လည်ရောက်ရှိသွားပါပြီ။ 
 
သင် Facebook ကို Confirm Code ရိုက်ထည့်စရာမလိုဘဲ ဖြည့်ပြီးသား ဖြစ်သွားပါပြီ။ သင် Facebook ကို အလွယ်ကူဆုံးနှင့် အောင်မြင်စွာ ဖွင့်လှစ်ရရှိသွားပါပြီ။ Log out လုပ်ပြီး app မှပြန်ဝင်ကာ Info update လုပ်ပေးပါ။ မလုပ်လိုသည့် Info ကို Skip နှိပ်ပြီး ကျော်သွားပါ။ ဤနည်းဖြင့် ကျုပ်ဖွင့်ပေးခဲ့သော Facebook ပေါင်း ၂၀၀ ကျော်တွင် ပျက်သွားသောအကောင့် ၁၀ ဂဏန်းအောက်သာ ရှိပါသေးသည်။ (အခကြေးငွေ မယူပါ။ အင်တာနက်ဖိုးတောင် အိတ်စိုက်ကုန်ပါသည်။ ) ဤနည်းမှာ ဖုန်းနံပါတ် မပေးရသောကြောင့် ဖုန်းတစ်လုံးတည်းနှင့်လည်း account များစွာ သုံးနိုင်ပါသေးသည်။ တစ်ခုသတိထားရန်မှာ ဤနည်းမှ အနည်းငယ်လွဲချော်ခဲ့လျင်တော့ Verify code ဖြည့်ရန် ဖုန်းနံပါတ်တောင်းပါလိမ့်မည်။
 
 မြန်မာပြည်ဖုန်းနှင့် မပို့ပေးနိုင်သည့်အတွက် သင် နောက်ထပ်အသစ်ပြန်ဖွင့်ဖို့သာ ကြိုးစားပါတော့။ Facebook Account ပြန်လည်ရယူနည်း၊ Log မကျအောင် ထိန်းသိမ်းနည်း၊ Hacker ရန်မှ ကာကွယ်နည်းများကိုလည်း အလျဉ်းသင့်လျင် ဖော်ပြပါဦးမည်။ Facebook သုံးစွဲခြင်းသည် ဗဟုသုတ များစွာရရှိစေနိုင်သလို တလွဲအသုံးချပါက အကျိုးယုတ်စေနိုင်ပါသည်။ Facebook သုံးစွဲသူများ ကောင်းခြင်းဘက်တွင် အသုံးပြုနိုင်ကြပါစေ။

Android ဖုန်းတွေမှာ Facebook ကခဏခဏ Log Out ဖြစ်သွားတာကိုဖြေရှင်းကြမယ်



     FB Page ထဲမှာ Bro တစ်ယောက်က ဖွဘုတ်ကြီး ခဏခဏ Log Out ဖြစ်နေလို့ ဆိုပြီး ဘိုလုပ်ရမလဲ ဆိုလို့ ပါ– အခုတော့ အဲ့လို Log Out ခဏခဏ မဖြစ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါပြီနော် ကျွန်တော် သိတာနည်းနည်း ကြာပါပြီ သေချာ မသေချာ စမ်းကြည့်နေလို့ပါ– နောက်ဆုံးတော့ အဖြေထွက်လာခဲ့ပါပြီဗျာ– ဘာလို့ Log Out ဖြစ်တာလဲ လို့ အဖြေရှာကြည့်တဲ့ အခါ အားလုံးနားလည်အောင်ပြောရရင် Connection မကောင်းလို့ပါ–

        FB ကို တစ်ခါ ဖွင့်တိုင်း Security Data ကို Server ကို လှမ်းလှမ်းပြီး ပို့ပေးရပါတယ်–တစ်ခါ Log In ၀င်ပြီးတော့ တစ်သက်လုံး ထိုင်သုံးလို့မရပါဘူး။ FB Application ကို ပထမ တစ်ခါ စပြီး Log in ၀င်မှ မဟုတ်ပါဘူး ခဏ ထွက် ပြန်ဖွင့် လည်း Security Data လှမ်းတောင်းနေပါတယ်– {အခုနောက်ပိုင်းမှ ထပ်တိုးလာတဲ့ Security ဖြစ်ပါလိမ့်မယ်} အဲ့ မှ ကွိုင်တာက မိမိရဲ့ Connection က ကျနေ တာပါ– ဥပမာ အလုံခန်းထဲ ရောက်နေတာမျိုးတို့။ Data တွေ မသွားတာ မျိုးတို့ ဖြစ် တတ်ပါတယ်။

 လူပိန်းလိုပြောရင်တော့ Data တစ်နေတာပေါ့နော်– မြန်မာနိုင်ငံ မှာ အများဆုံးဖြစ်ပါလိမ့်မယ်– ကျွန်တော် ကိုယ်တိုင် Fiber လိုင်းသုံးနေတာ တောင် နေ့တစ်ပိုင်းကို တစ်ခါလောက် ရပ်ရပ်သွားတဲ့ အဖြစ်မျိုးပါ– သုံးရင်တန်းလန်းနဲ့ လိုင်းပြုတ်ပြီး Caution Mark ပေါ်လာတာက အတော်ကို စိတ်ညစ်ရပါတယ် အားလုံးပဲ ဖြစ်ဖူးကြမယ်ထင်ပါတယ်– မိမိ Mobile Phone နဲ့ Laptop က အင်တာနက်ကို သုံးတဲ့ အခါမှာ ဟင် အင်တာနက်လဲ မရဘူးဆိုပြီးတော့ ဘာဖြစ်တာလဲ မသိဘူး ဆိုပြီး တော့လေ ကျွန်တော့်ကိုလာ လာမေးလို့ ဖြေရတာလဲ အမောပါပဲ တစ်ယောက်မကပါဘူး အယောက် ၂၀ ၃၀လောက်ရှိပါတယ်– အဲ့ဒါက ဘာမှ မဟုတ်ဘူး Data ဆွဲအားနည်းလို့ လို့ တကယ်က စက်က error မဟုတ်ပါဘူး Mobile Data ကို ဆွဲတဲ့ အားက 7kb/s တို့ 0.8kb/sတို့ လောက်ပဲ ရှိတာ ကွန်ပျူတာနဲ့ တွဲသုံးတာ Webpage ဘယ်ဖွင့်ရပါ့မလဲ ဗျာ– အဲ့လိုပေါ့ အခုလဲ အဲ့လို Data ဆွဲအား မကောင်းတဲ့ အချိန်မှာ သွားပြီး Facebook သွားဖွင့်ပါတယ်– သွားဖွင့်တော့ FB Server ကနေ လှမ်းပြီးတော့ Security Data တွေ တောင်းပါတယ် ဒီဘက်က မြန်မာ Connection နဲ့ တိုးပါတယ် ကဲ Security Data ကို Server ထိရောက်အောင် မပို့နိုင်ဘူး။

         ဒီတော့ Server က account ကို ဖြုတ်ချပါတယ် ရိုးရိုးရှင်းရှင်းလေးပါပဲ— Reverse >> ထို့အတူ မိမိလိုင်းက မကောင်းဘူး အဲ့အချိန်မှာ ကိုယ်က FB ကို Log Out လုပ်ချင်တယ် Log Out လုပ်လိုက်တယ် ။ Webpage မှာ Connection ပြတ်သွားတယ် ပြန်ဖြုတ်ပြန်တတ်တယ်– Log in page ကိုရောက်မနေပါ– မိမိရဲ့ Home ကို Log in ၀င်ပြီး သာလေးပဲ ဖြစ်နေပါတယ်– {ဘာလို့လဲ ဆိုတော့ ဒါကလဲ ရှင်းရှင်းလေးပါပဲ– ကိုယ် Log out လုပ်ချင်လို့ Log Out လုပ်မဲ့ Data ကို Send လိုက်တယ် Send နေတုန်း တန်းလန်း လိုင်းပြုတ်သွားတယ်။ ဒီတော့ Server က Bro ကသွားပြီး Log Out လုပ်မှန်း မသိတော့ နောက်တစ်ခါ FB ဖွင့် မိမိ အကောင့် ၀င်ပြီးသားလေးပဲ ဖြစ်ပါတယ် :) } ” ဟင် ငါ FB သုံးနေတာ အကောင်းပြီး ဘာလို့ Log Out ဖြတ်တာလဲ။ သုံးတာဖြင့် ၁နာရီလောက်ရှိပြီ အခုမှ ခဏခဏ ပဲ ဆိုပြီပြောပါတယ်– ”

     FB Application ရဲ့ Error မဟုတ်ပါဘူး… ကိုေ၇ွှလိပ် MPT ကြောင့်ပါလို့ ပြောကြားချင်ပါတယ်– FB ရဲ့ Secutrity ထပ်တိုးထားတာရယ် ကိုကို MPT ရယ်ဆိုတော့ Log Out တော့တာပေါ့ဗျာ– ကဲ ဒီလောက်ဆို သဘောပေါက်ပြီလို့ထင်ပါတယ်– ဘယ်လိုဖြေရှင်မလဲဆိုတော့ Android ဖုန်းတွေမှာ ဆိုရင် Settings >> Accounts ဆိုပြီး ပါတတ်ပါတယ်– Samsung ဖုန်းတွေမှာ တော့ ပါပါတယ်– ကျွန်တော်က တခြားဖုန်းတွေ ကို မကိုင်နိုင်တော့ သိပ်မသိတာကို ခွင့်လွှတ်ပေးစေချင်ပါတယ်- အဲ့ မှာ FB အတွက် ဆိုတာ ကို သွားပြီးတော့ Sync လုပ်ပေးပါ ပုံမှာလိုလေးပါ– အဲ့မှာ Account နဲ့ Password ထည့်ထားရပါမယ်–

    ဘာအတွက်လဲ ဆိုတာ အောက်မှာရှင်းထားပါတယ်– ဒီလို အကောင့်ထည့်ထားခြင်းဟာ မိမိ Android နဲ့ Server ကို ချိတ်ထားခြင်းပါ— အပေါ်က ပုံမှာ မြင်ရပါလိမ့်မယ်– Dropbox, Facebook, Google အားလုံးပါပဲ– ဒါနဲ့ ပြောပြရဦးမှာ Android ဖုန်းမှာ Log Out ခဏခဏ ဖြစ်တာက Facebook တစ်ခုထဲ မဟုတ်ပါဘူး ဆိုတာ ကြိုပြောထားပါရစေ– Google Account လဲ ဖြစ်ပါတယ်– အားလုံး ဖြစ်မှာပါပဲ– ကဲ Google ရဲ့ Security ကတောင် Facebook ထက်ပိုမြင့်ပါသေးတယ်– မယုံရင် Google အကောင့်ကို မြန်မာ နိုင်ငံ IP နဲ့ လုပ် ပြီး US IP နဲ့ ၀င်ကြည့်ပါ– Webpage ရယ် Email Application မှာ Password ရော Username ရော မှန်နေတာတောင် ၀င်လို့ မရပါဘူး :) Facebook က US IP နဲ့ ၀င်ဝင် Chinese IP နဲ့ ၀င်ဝင် အဲ့လို တားမြစ်ထားတာ မရှိပါဘူး။ Skype တို့ Dropbox တို့ကျ မရှိဘူးလို့ မေးပါလိမ့်မယ်– သူတို့က အဲ့လောက်ထိ Security မလိုအပ်သလဲ အဲ့လောက်ထိလဲ Security ကြပ်မထားပါဘူး Hacker တွေအားလုံးက FB, Twitter နဲ့ Google ကိုပဲ အာရုံထားကြပါတယ် :)

    ဒီတော့ မေးစရာ ရှိပါတယ် ဘာလို့ Google ကကျ Log Out မဖြစ်လဲ ဆိုတာ Android ဖုန်း တစ် လုံးကို စပြီး ၀င်တယ် ဆိုကတည်းက Google Play ၀င်ရင်ပဲ ဖြစ်ဖြစ် ။ Gmail, Talk သုံးရင်ပဲ ဖြစ်ဖြစ် Google Account ကို ထည့်လိုက်ရပြီးသားပါ– အဲ့ကတည်းက တစ်ခါထည်း Account Info Data တွေအားလုံး Accounts ထဲမှာ Sync လုပ်လိုက်ပြီးသားပဲ အာ့ကြောင့် Server နဲ့ Account Info က ချိတ် နေပြီးသား ဖြစ်လို့ Log Out ဖြစ်ခြင်း၊ Log In ၀င်မရခြင်း ဆိုတာ မရှိပါဘူး :) Facebook မှာက Android ဖုန်းတွေမှာ Original ပါတဲ့ ကောင်မဟုတ်ပါဘူး အာ့ကြောင့် Facebook မှာ Account ကို Auto Sync လုပ်ထားလို့မရပါဘူး– မိမိကိုယ်တိုင် သွားပြီး Sync လုပ်ထားရမှာပါ–

        အားလုံးနားလည်အောင်ပြောရရင် Settings ထဲက Account ဆိုတာ Universal Server ကြီးပါပဲ {Facebook ဖက်က Server မဟုတ်ပါ မိမိဖက်က သူတောင်းတဲ့ Data ကို ပြန်လွှင့် ကိုယ်လိုအပ်တဲ့ Data ကို ပြန်ယူတဲ့ Server }– မိမိ Data Info အားလုံးကို အဲမှာ သိမ်းဆည်းထားရင် လိုအပ်တဲ့ အချိန် လိုသလို သူက Data ယူသုံးနေပါလိမ့်မယ် အကယ်လို့ အဲ့မှာ Sync မထားရင် Application နဲ့ FB ရဲ့ Server တိုက်ရိုက် ဆက်သွယ်ရတဲ့ အတွက် Data အလုံအလောက် မရရင် သူက လိုင်းပြုတ်နေဦးမှာပဲ အာ့ကြောင့် မိမိ ဖုန်းကနေ Log Out ခဏခဏ မဖြစ်ချင်ရင် Settings >> Accounts ထဲမှာ မိမိရဲ့ FB , Google, သက်ဆိုင် အကောင့်များကို ထည့်ထားလိုက်ပါလို့ ပြောကြားပါရစေဗျာ–

          အဲ့လို အကောင့်ထည့်ထားခြင်းအားဖြင့် Data တော့ ပိုကုန်ပါတယ် ဒါပေမဲ့ အားလုံးက အဆင်ပြေတယ်လေ :) တစ်ယောက်ယောက်က ကိုယ့်ကို Mail ပို့လိုက်ရင် ကိုယ်က တန်းသိတယ် ။ ကဲ Log In ၀င်စရာ မလိုဘူးမလား။ Gmail က Auto Data ကို Google Server နဲ့ အပေးအယူလုပ်နေတာပေါ့ ကဲ ဒီတော့ ဖြေရှင်းနည်းလဲ ပြောပြီးပြီ။ တရားခံလဲ ပြောပြီးပြီ။ ကိုယ့်ဖာသာကို အဖြေရှာကြတော့ Iphone တို့ မှာလဲ Log Out ခဏခဏ ဖြစ်တယ်ပြောပါတယ်။ ကျွန်တော့်က Iphone မရှိတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိဘူးဖြစ်နေပါတယ်– တချို့ မှာ Accounts ဆိုတာ မပါဘူး ပြောတယ် ရှိမှာပါ— Auto လုပ်ထားပေးလို့ဖြစ်ပါလိမ့်မယ်လိုပြောပါရစေ– ကဲ ဒီလောက်ပါပဲ ဆက်လက်ပြီးတော့ Research လေးများ လုပ်သွားဖို့ရှိပါတယ်– ကျွန်တော်တော့ အခု အချိန်ထိ Log Out လုပ်လို့ ပြန်ဝင်ရတယ်ဆိုတာ အခု ဒီ ကောင်လေးရေးဖို့ Log Out ပုံကို Screenshot ရိုက်တာလေးပဲ ရှိသေးတယ် လို့ပြော၇င် နိဂုံးချုပ်အပ်ပါတယ်။

11.24.2013

(၁၃၃၁)သို့ Message ပို့ပြီး မိုဘိုင်းဖုန်းဝန်ဆောင်မှုအသစ်(၄)ခုကို စတင်အသုံးပြုနိုင် ပြီဖြစ်ခြင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ယခု နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှု အသစ်(၄)ခုကို စတင်လုပ်ဆောင်ပေးလျက်
ရှိတယ်လို့ သိရပါတယ်။  အဆိုပါ ၀န်ဆောင်မှုတွေကတော့ Call Forwarding Service ? Call Waiting ? Voice Mail နဲ့  Miss Call Alert Service  တို့ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုတွေကို  GSM ဘိုင်းဖုန်းအသုံးပြုသူတွေ အနေနဲ့ (၁၃၃၁)သို့ Message  ပို့ပြီး Call Forward  အသုံးပြုလိုပါက  Orderdata CF  လို့ ရိုက်နှိပ် ရမှာ ဖြစ်ပြီး အဆိုပါ ၀န်ဆောင်မှုအတွက် ဖုန်းငွေဖြည့်ကဒ်ထဲမှ လစဉ်(၉၀၀၀)ကျပ်ကို ဖြတ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို Message  ပို့ရာမှာတော့  GSM  မိုဘိုင်းဖုန်းတွေသာပိုမိုအဆင်ပြေမှာဖြစ်ပြီးCDMA 800 နဲ့  CDMA450 အတွက်ကတော့ အလုံမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှာ ပြုလုပ်ရ မှာဖြစ်တယ်လို့ သိရပါတယ်။
 
Call Waiting  အတွက် ၀န်ဆောင်ခအနေနဲ့ကတော့ လစဉ်(၅၀၀) ကျပ်ဖြစ်ပြီး Orderdata CW  ၊Orderdata CH   ဟု တစ်စောင်စီ (၁၃၃၁)သို့ Message ပေးပို့ရမှာဖြစ်ပြီး Voice Mail  အတွက်ကိုတော့ Orderdata VMSS နဲ့  Misscall Alert  အတွက်ကိုတော့ Orderdata MCA  လို့ Message  ပေးပို့ရမှာဖြစ်ပြီး လစဉ် ငွေကျပ်(၁၀၀၀)ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ (၁၅၀၀) GSM  ဖုန်းတွေအနေနဲ့ လည်း အသုံးပြုနိုင်မှာဖြစ်ပြီး (၁၅၀၀)တန် WCDMA ဖုန်းများတော့ အသုံးပြုလို့ မရရှိသေးဘူးလို့ သိရပါတယ်။
 
 
 

ytalk ဆော့ဝဲလ် အသစ်

Y-talk  မှ တစ်ဆင့်ဖျော်ဖြေရေးကဏ္ဍများပါဝင်တဲ့ Y talk HD Software  သစ်ကို လာမယ့် ဒီဇင်ဘာလအတွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့
နိုဝင်ဘာလ(၂၂)ရက် နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Y talk  စာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ Y talk HD Software  မှာဆိုရင် အထူးကဏ္ဍအနေနဲ့ သတင်း၊ ဗေဒင်၊ အားကစား၊ သတင်း၊ စကားဝိုင်းနဲ့ ကံစမ်းမဲအစီအစဉ် အစရှိတဲ့ ကဏ္ဍများကို တင်ဆက်ဖြေကြားပေးမယ့် အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
 
သတင်းကဏ္ဍအနေနဲ့ ပြည်တွင်း၊ ပြည်ပသတင်းများ အနုပညာသတင်းများ ပါဝင်မှာဖြစ်ပြီး စကားဝိုင်းများကဏ္ဍထဲမှ တစ်ဦးချင်းစကားဝိုင်းများ၊ အဖွဲ့လိုက်စကားဝိုင်းများ ပါဝင်ပြီး ကိုယ်တိုင်ဝင်ရောက်ပြောနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကဏ္ဍတွေကို ပင်လယ်ကူးသင်္ဘောထဲမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 
ဒါ့အပြင် Y talk HD Software  သစ်ရှိပါက ပြည်ပကို အလွယ်တကူ SMS ပို့နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအသုံးပြုမှုများကို အင်တာနက်နဲ့ ဖြစ်စေ၊ အင်တာနက်မပါဘဲနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Y talk HD Software  သစ်ကို www.ytalk.com, Google play, Apple Application store တို့မှာ Download  ရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
 
 

ကွန်ပျူတာမလိုပဲ ဖုန်းထဲက နေRoot ကြမယ်‌ 100%worked


ဖုန်းတွေကို Root တဲ့နေရာမှာ ကွန်ပျူတာကနေပဲ လုပ်နေရတာ အားလုံးအသိပါ။
ကွန်ပျူတာကို လူတိုင်းမကိုင်နိုင်၊မသုံးတတ်ကြပါဘူး။ Root Tool တွေရှိပေမယ့်
ကွန်ပျူတာမရှိလို့၊မသုံးတတ်လို့ ကိုယ့်ဟာကို Root မလုပ်ရတဲ့သူတွေ အများကြီးပါ။အဲဒီအခါ
ဖုန်းထဲကနေ လုပ်လို့ရရင်ကောင်းမှာပဲဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဖုန်းဆော့ဝဲတွေရှာမိကြမှာပါ။
ကျနော်လည်းရှာဖူးပါတယ်။တွေ့ပါတယ်။ဒါပေမယ့် အမှန်တကယ် အလုပ်မလုပ်ပါဘူး။ဟိုဟာလိုရတာနှင့် ဒီဟာလိုရတာနှင့်ပါ။ကွန်ပျူတာသုံးတတ်ပြန်တော့လည်း Driver လိုရတာနှင့် ရှုပ်နေတာပါပဲ။အခုတော့
ဖုန်းထဲကနေ အမှန်ကန် Root လို့ရတဲ့ apk လေးထွက်ပေါ်လာပါပြီ။ကျနော် G510 ကို စမ်းကြည့်တာ unlockcode မတောင်းပဲ Root နိုင်ခဲ့ပါတယ်။ Super User လေးက အစိမ်းရောင်အရိုးခေါင်းလေးနှင့်ပါ။
ဆော့ဝဲကိုဖွင့်ပြီး Start Root ကိုနှိပ်လိုက်တာ စတင်အလုပ်လုပ်ပါတော့တယ်။ 79%လောက်မှာ Ok နှင့် Cancel နှစ်ခုမေးတယ်။တရုတ်စာတွေနှင့်မေးတော့ ဘာမှန်းမသိဘုး။အရဲစွန့်ပြီး OK ကို နှိပ်လိုက်တာ ဆက်အလုပ်လုပ်သွားပါတယ်။ နောက်ထပ် Boxတစ်ခုကျလာပါတယ်။ Ok နေရာမှာ အနီရောင် Box လေးနှင့်ပါ။ Cancel ရောပေါ့။အနီရောင်ဘက်က တရုတ်လိုဆိုတော့ဘာမှန်းတော့မသိပေမယ့် အဲဒါကိုနှိပ်လိုက်တယ်။ ကံကောင်းစွာ Root လုပ်ငန်းပြီးဆုံးသွားတယ်ဗျာ။
ကြိုက်ရင်တော့ယူသွားလိုက်ပါ။

အော်ဆော့ဝဲလေးနာမည်က Pro Myanmar Root တဲ့ ။Developer ကတော့ KoKyawKoKo ပဲဖြစ်ပါတယ်။
တရုတ် root apk လေးကို English လို နားလည်အောင်ပြန်ရေးပေးထားပါတယ်တဲ့။ English version အဖြစ်ပြောင်းပေးထားတဲ့ ဆော့ဝဲလေးနာမည်ကိုတော့ Pro Myanmar Root လို့နာမည်ပေးထားတယ်လို့ဆိုပါတယ်။ တရုပ် root တွေမှာ root လိုက်ရင် ကျွန်တော်တို့ အလွယ်ခေါ်တဲ့  တရုပ်စာတွေပါတဲ့ တရုပ် superuser တက်လာပါတယ် ။ဒီကောင်လေးက လုံးဝ English လို တက်ပါတယ်။ ဖုန်းအားလုံးတိုင်းကို root လို့ ရပါတယ် ။ ပြုလုပ်ထားသူကတော့ ကိုကျော်ကိုကို (IPA Cracker) ပါ။ Pro Myanmar Root for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
http://adf.ly/ZJQTR
http://adf.ly/ZJQZj
crd..itsuboo

11.23.2013

မြန်မာ လေဒီယို

                           
Mandalay FM ကို Android ဖုန်းထဲကနေ နားဆင်လိုသူများအတွက် Mandalay FM v1.1 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီ app လေးကိုအသုံးပြုဖို့ ဖုန်းမှာအင်တာနက်တော့ဖွင့်ထားရပါမယ်။ ကမ္ဘာ့ရဲ့ဘယ်နေရာကမဆို Mandalay FM ကိုနားဆင်နိုင်မှာပါ။ Edwin Consulting Service ကနေဒီ app လေးကို develop လုပ်ထားပါတယ်။ Mandalay FM v1.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Here

သဇင် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ ဖာရုပ်သီချင်းအကြောင်း


မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။ ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ။ “ကျမတို့ကို ဝေဖန်ထားတဲ့ သူတွေက စပွန်ဆာ ယူထားတဲ့သူတွေချည်းပဲ ဖြစ်နေတယ်။ ဒါ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာပဲလေ။ ကြိုက်တဲ့သူနဲ့ ကြိုက်သလို နေလို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ သူတွေကို မနှိမ်သင့်ဘူး၊ ..... အဲဒီမှာ ကျမ အိုင်ဒီယာတခု ရသွားတာ။ ..... သူတို့ရဲ့ မှားနေတာတွေကို ပြန်ပြီးတော့ မြင်စေချင်တာ။ အဲဒီလိုမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီသီချင်းကို ကျမတို့ ဆိုဖြစ်တာပါ” လို့ ပြောပြပါတယ်။ YAK သဇင် က ဧရာဝတီကို အဲဒီလို ပြောပြပါတယ်။ “တည့်ပဲ ဆော်မယ်ကွာ၊ တည့်မှ ထိတာ ဆိုပြီးတော့ ရေးလိုက်တာပါ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး YAK က ရိုင်းရင် ရိုင်းသွားမယ်ပေါ့နော်။ ဒါပေမယ့် ဒါတွေဟာ တကယ့် အဖြစ်အမှန်တွေပါလို့ ပရိသတ်ကြီးကို သိစေချင်ပါတယ်” လို့ သဇင်က ပြောပါတယ်။ YAK သဇင် ပြောပြချက် အပြည့်စုံ ပါဝင်တဲ့ သတင်းအပြည့်အစုံကိုတော့ http://burma.irrawaddy.org/archives/42414 မှာ ဖတ်နိုင်ပါတယ်။ ဒီသဇင်က YAK သဇင် ဖြစ်ပါတယ်။ No အဖွဲ့ဝင်ဟောင်း သဇင် မဟုတ်ပါ။

11.22.2013

Mrtv 4 ကြည့်ရန်

ကျွန်တော် ယ္ခုပြောပြချင်တာလေးကတော့ သိပြီးတဲ့ သူတွေ ရှိသလို မသိသေးတဲ့ သူတွေအတွက်ရွည်ရွယ်ပြီးတော့ တင်လိုက်တာပါ
အမိမြန်မာပြည်လွမ်းနေလို့ အလွမ်းပြေ MRTV4 ကြည့်ရအောင် အောက်က LINK ကို သွားလိုက်နော်

                                            http://www.mrtv4.tv/

11.19.2013

စကာင်္ပူကကျောင်းသူလေးတွေငွေကို ဘယ်လိုနည်းတွေနှင့် အလွယ်ရှာနေကျလဲ?

Sex Addction ဆိုတဲ့ ရမ္မက်ဇာတ်လမ်း (သို့) လိင်နောက်ဆက်တွဲ(အပျော်အချစ်ဇာတ်လမ်းများ) ဘဲခေါ်မ လား  အဖွဲ့အစည်းတခုက လိင်ပညာပေးဇာတ်လမ်းလေးပါ! ဆေးပညာအရ စိတ်ဝေဒနာရှင်ထိတောင်ဖြစ်နေကျလို့ စိတ်ဝင်စားဖို့ကောင်းလို့ နားလည်သလို ဆီလျှော်စွာ ဘာသာပြန်ရေးလိုက်ရတာပါ! သီးခံပြီးဖတ်ကျပါ! အခုနှစ်ပိုင်းတွေမှာ လိုအင်ဆန္ဒမဖြည့်တဲ့အိမ်ထောင်ရှိ၊ မရှိစကာင်္ပူမိန်းခလေးငယ်တွေရဲ့အပျော်အချစ် ဇာတ်လမ်း လေး တွေရှာပြီး မိမိရဲ့တက်ကြွနေတဲ့ရမ္မက်အလိုဖြည့်စည်းမှု့ ဇာတ်လမ်းလေးးတွေပါဘဲ!  လူငယ်တွေအတွက်တော့ အပျော်ဇာတ်လမ်းရှာတာ ပြဿနာမဟုတ်ပေမဲ့ အိမ်ထောင်ရှိလူတွေ အတွက်မှ တော့ နောက်ဆက်တွဲဂယက်ကျတော့.....ယောကျာင်္းလေးတွေ ရမ္မက်တင်ကြွနေရင် စကာင်္ပူရဲ့ မီးအိမ်နီခေါ် Kallang တွေမှာသွားပြီး လိုအင်ဆန္ဒဖြည့်စီးမှုတွေရပေမဲ့မိန်းခလေးတွေအတွက်တော့ ဒီလိုသီးသန့်နေရာမရှိတော့တော်တော်ပြဿနာရှိနေကျတာကိုး!လက်ရှိအိမ်ထောင်ရှိသူတွေကတော့ လူမှုရေးဖောက်ပြန်မှုတခုမဟုတ်ပါလားနော်? သဘာဝက မိန်းခလေးတွေရဲ့သူမတို့ တလတကြိမ် လာတတ်တဲ့ရာသီခွင်အရ ရမ္မက်အတက်ကြွဆုံးအချိန် ဖြစ်ရခြင်း မဟုတ်ဘူးလား! ယောကျာင်္လေးတွေနျင့် အတူအိပ်ချင်ကျတယ်လေ!သဘာကိုဘယ်သူမှလွန်ဆန်လို့ရမလဲနော်! ဆေးပညာအရ စိတ်ဝေဒနာတောင် ဖြစ်နေတယ်လို့ သိရတယ်! ဆေးတွေနှင့်ကုသလို့ရတဲ့ စိတ်ရောဂါတွေပါ၊ ဒါကြောင့် ယခုခေတ်မှီတဲ့မိန်းခလေးတွေက ဘယ်လို အပျော်အချစ် ဇာတ်လမ်းလေးတွေရှာကျလဲဆိုကို လိင်နောက်ဆက်တွဲလို့ အဓိပ္ပါယ်ရတဲ့ တိုးတက်တဲ့နိုင်ငံတွေမှာလူနေမှုစရိတ်ကြီးမြင့်နှင့်အတူ မိန်းခလေးတွေတော်တော်များများ  မိမိရဲ့ရမ္မက်လိင် လိုအပ်မှုတွေကို ဘယ်လိုရှာဖွေကျလဲ ဇာတ်လမ်းလေး တွေ ပါ! ရမ္မက်အလိုဖြည့်စွတ်မှုနှင့်အတူ စကာင်္ပူ တက္ကသိုလ် ပထမနှစ်ကျောင်းပြီးထားတဲ့ကျောင်းသူလေး လေးရဲ့သူမအတွေ့အကြုံအသစ်လေးတွေကို ဘယ်လိုလူတွေနှင့်တွေ့ကြုံပြီး ဘာတွေလေ့လာသင်ယူခဲ့ရသလဲ?
ဒီမှာမူရင်းဖတ်ကြည့်ပါ-Women under attack in Singapore over “sex addiction” series
ဒါကလက်ရှိစကာင်္ပူမှာအမျိုးသမီးငယ်တွေရဲ့ ရမ္မက်ဖြည့်စွက်မှုဇာတ်လမ်းလေး (အပျော်အချစ်ဇာတ် လမ်း များ)  တွေထဲ ကအဖြစ်ပျက်လေးတခုပါ၊အသက်၁၈နှစ်ရှိ စကာင်္ပူပထမနှစ်ကျောင်းပြီးထားတဲ့တက္ကသိုလ်ကျောင်းသူလေး သူမရဲ့တည်ငြိမ်စွာ ပြောပြတာက သူမရဲ့အတွေ့အကြုံနှင့် ဘယ်လိုလူတွေနှင့် တွေ့ဆုံပြီး တတ်ကျွမ်းကျင်လာ ခဲ့ပုံကို ပြောပြလာပါတယ်၊ငယ်ရွယ်တဲ့ တက္ကသိုလ်ကျောင်းသူအများစုတွေဟာ အဆင့်တန်းမြင့်မြင့်နေချင်ကျပါတယ်လို့ပြောပါတယ်၊ ဒါကြောင့်ငွေလိုတယ်! ငွေလဲရှာ စိတ်ဆန္ဒလိုအင်တွေလဲပြည့်ဆိုသလိုပေါ့၊.....(ငွေသည် လောကကြီးကိုသာယာအောင်လုပ်ပေးနိုင်တဲ့ စွမ်းရည်များကိုပိုင်ဆိုင်ထားသူပါလားနော်!....)
ဒီအတွက် ကောင်လေးတွေတော်တော်များများနှင့် အချိမ်းအချက်ပြုလုပ်ကျတယ် အများတွေ့ကြုံ နေရတာ က အားလုံးဟာ သူမကိုအပြင်ခေါ် ထုတ်ဖို့ကြိုးစားကျပြီး နောက်ဆုံး ညအိပ်နေကျဖို့ပါဘဲတဲ့! သူမကလဲ အမြဲသူမ သဘောကျတဲ့သူတွေအချို့နှင့်ချိမ်းတွေ့ကျပါတယ် တဲ့!သေချာတာက သူတို့တတွေအကောင်းဆုံးအချိန်မှာ တွေ့တာကောင်းပါတယ်လို့  LeeAnne ဆိုသူ က bikyamasr ကိုပြောပါတယ်၊ ယောကျာင်္းနှင့်ဆက်ဆံတာ အဆင်မပြေတဲ့အခါမှာ စိတ်ဆန္ဒာ ကျေနပ် ဖို့လုပ်ရပါတယ်တဲ့ သို့သော် ဒီလိုရက်တွေကို သူမကလဲ မနှစ်သက်ပါဘူးတဲ့"သူမက မကြာခင်မှရေးသားပုံနှိပ်သော asiaone.com မှာ  "sex addiction" in the country လိင်နောက်ဆက်တွဲ (အပျော်အချစ်ဇာတ်လမ်းများ) တွေ ဒီမှာရှိနေကျပြီ ဆိုတာ ရေးသားဖော်ပြလာကျ ပါပြီတဲ့!သူမတို့တတွေ လိင်ဆက်ဆံကျပါတယ်၊ သို့သော် မိန်းမတော်တော်များတွေမှာ လိင်ဆက်ဆံမှုများ နှင့်ပတ်သက်ပြီး သူမတို့စိတ်တိုင်းမကျတာကို စိတ်မကောင်းစွာတွေ့နေရတာနှင့် ဒါလို ဆက်လက်ပြီး ကျေနပ်မှုမရရှိသောမိန်းမတွေပေါင်းပြီး အဖွဲ့အစည်းလေး ဖြစ်လာတာဖြစ်ကြောင်း သူမပြောပါတယ်။
သူမတို့တတွေနှင့် သူမအုပ်စုတွေရဲ့ ချိန်းတွေ့ကျတဲ့နေရာက ကျွန်းအနှံနာမည်ကြီးကော်ဖီဆိုင်တွေပါဘဲလို့ နေရာကိုတော့ အတိကျမရှိတဲ့ ချိန်းတဲ့နေရာအနှံလဲပေါ့နော်!သူမသူငယ်ချင်း Jumanaကအချက်ကျကျပြောပြီးအကြံပေးတာက "sex addction" ဆိုတာက  တခါတရံ အမှန်တကယ် လိုအပ်နေတဲ့မိန်းခလေးတွေအတွက် တိုက်ပွဲတွေပါလို့ပြောပါတယ်၊ "အလွန်အန္တရယ်များတဲ့ နေရမှာရောက်နေတာပါတယ်တဲ့" ဘယ်လိုနေရာတွေမှာ မမြင်ရတဲ့ ပုန်းလျှိးဖွတ်လျှိုးလုပ်စားတဲ့ ကြေးစားယောင်္ကျားတွေ သို့မဟုတ် အဓမ္မမုဒိမ်းကျင့်သမားတွေ သို့မဟုတ် လိင်အတွက် ရုတ်တရက် တိုက်ခိုက်တတ်သူတွေရဲ့အန္တရယ်တွေရှိတတ်တာကြောင့်တကြောင်း?  ဒီလိုအန္တရာယ်တွေ မရှိတဲ့  အားလုံးအတွက် "sex addiction" က ဆွေးနွေးတိုင်ပင်လို့ရတဲ့နေရာ အကြံတွေယူလို့ရတဲ့ သို့မဟုတ် စိုးရိမ်စရာမရှိတဲ့တန်ဖိုးဖြတ်လို့မရတဲ့နေရာလေး ဖြစ်တယ်လို့ပြောပါတယ်
Asiaone.comရဲ့ခေါင်းစီးပိုင်းနေရာယူထားတဲ့ အပတ်စဉ်အင်္ဂါနေ့တွေမှာအခန်းဆက်တွေရေးလို့ရတဲ့ အထိဇာတ်လမ်းလေးတွေရှိလာပါတယ်? ရေးသားထားတာက ဘယ်လိုမိန်းခလေးတွေ ဖြစ်ဖြစ် “random 4some with three men” ခေါ် မတူညီတဲ့ယောကျားင်္ ၃၊၄ယောက် နှင့်  တွေ့ကြုံပြီးရင်"  ငယ်ရွယ်တဲ့မိန်ခလေးတွေ ယောင်္ကျားတွေရဲ့  အကြောင်းကို  ကြည့်ရုံနှင့် သူတို့ရဲ့ အကျင့်စရိတ်တွေကို သေချာစွာသိနိုင်ပါတယ်တဲ့!Jumana က အချိန်ပိုအားလပ်ချိန်တွေမှာ ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးတွေကိုကာကွယ်ကူညီဖို့ အသင်းဝင် ရောက်နိုင်အောင် ကူညီလုပ်အားပေးရပါတယ်လို့ bikyamasr မှာပြောပါတယ်၊ ဒါတွေက လိင်တခုထဲ မဟုတ်ပါဘူး! မိန်ခလေးတွေအတွက် လိုအပ်နေသော စိတ်ခံစားမှုတွေကို အဖွဲ့အစည်းက အခြေခံကျကူညီ စောင့်ရှောက်ပေးထားတာက မတူညီတဲ့ အချက်တွေဘဲ! သူမတို့ဘယ်လိုပြုပြင်ပေးလဲဆိုတာကြည့်လိုက်ရင်သိနိုင်ပါတဲ့! သူမတို့ ပြောဆိုနေတာက ယောကျာင်္း တွေကို ဘယ်လို နည်းတွေနှင့် လိင်ဆွဲဆောင်ရမလဲနည်းလမ်း လေးတွေပါဘဲ ?  သူမတို့တတွေ  လိင်ဆွဲဆောင်မှုရှိအောင် ခပ်ဟော့ဟော့နေထိုင်ကျဖို့နှင့် စီးပွားရေးဆန်ဆန်ဖွဲ့စည်း ထားတဲ့  အသင်းဖြစ်ပြီး ယောကျာင်္းတွေရဲ့ စကားကိုနားထောင်ဖို့မဟုတ်ပါဘူးလို့" ပြောပါတယ်! (ဆိုလိုတာက ကြေးစားအဆင့်ကိုပြောတာဖြစ်မှာပါ၊ ငွေရှာတာဖြစ်မယ်လေ!.....)အသဲနှလုံးထဲမှတ်ထားရမှက အဓိကမိန်းမတွေရဲ့စိတ်ဆိုးခြင်းခံရတာက လုံးဝဥဿမဟုတ်သော သူမတို့    ၀ယ် လို့မရတဲ့ အမှန်တကယ် စိတ်ရောဂါ အကြံပေးချက်တွေပါဘဲ! (ငွေရှိရင်ဒီရောဂါပျောက်ကုန်မှာပါ!.....)
သူမတွေဟာ အားလုံးသောလူတွေ သဘာဝပေးထားသော အမှန်တကယ်လိုအပ် နေသော လိင်ပျော်ရွှင်စွာဆက်ဆံနိုင်ဖို့နှင့် လိင်ပြည့်ဝစွာအဆုံးထိခံစားချစ်နိုင်ဖို့ မဟုတ်ဘူးလား? ဒါဟာ sex addicstion ရဲ့ ရည်ရွယ်ချက်ဘဲ ဟုတ်တယ်နော်!
Jumma ပြောလိုက်သေးတယ်! "ရေးရတဲ့ရည်ရွယ်ချက်က ရှက်တတ်တဲ့သူတွေနှင့် တစွတ်ထိုးလုပ်တတ်တဲ့ မိန်းခလေးတွေကို  သူမတို့တွေရဲ့ဘ၀ကိုယ်ရေးကိုယ်တာနှင့်အများနှင့်ပျော်ရွှင်စွာ နေထိုင်နိုင် ဖို့ပါဘဲတဲ့!"မိန်းခလေးတွေကို တချို့သောလိင်စိတ်ဝေဒနာရောဂါ (ယောကျာင်္းလေးတွေနှင့် အတူအိပ်ချင်တဲ့ရောဂါမှု) ကုသရပါသေး တယ်..
တချို့သော စကာင်္ပူ မြို့လည်မှာရှိတဲ့ စီးပွားရေးအဆောက်အအုံတွေမှာ Yang Fuek ဆိုသူရဲ့ ရုံးခန်းမှာ ထိုင်ပြီး သူလူနာတွေဖြစ်တဲ့သူမအခက်အခဲတွေ ပြောဆိုနေတာကို နားထောင်ပြီး ဆွေးနွေးတိုင်ပင် နေ ပါတယ်၊ စောင့်နားထောင်ပြီးသူမရဲ့စိတ်ညစ် စိတ်ဓာတ်ကျဆင်းနေပြီး အလုပ်မသွားချင်ဖြစ်နေကြောင်း လူတွေနှင့်သူငယ်ချင်းတွေ့ချင်ကြောင်း နှင့် "နောက်ဆုံးသူမဘယ်လို ရမ္မက်တက်ကြွနေပြီး ယောကျာင်္းတွေ နှင့် အတူအိပ်ချင်ကြောင်း" ပြောပါတယ်တဲ့!Yang ကပြန်ပြောတာက ငယ်ရွယ်တဲ့မိန်းခလေးတွေဘ၀တွေကို ဘယ်လိုနည်းတွေနှင့် အနာဂတွေမှာ ဘယ်လိုပြင်ဆင်ထားရမယ်နှင့် မိမိလိုအင်ဆန္ဒတွေကို ပြည့်ဝကျေနပ်အောင်လုပ်ဆောင်ရမဲ့နည်းတွေ ပါဘဲ!သူကပြောပါတယ် ! စီးပွားရေးအဆင်မပြေမှုကတော့ ပုံမှန်တခုလိုပါဘဲ! "လူတွေရဲ့ဘ၀ဟာမြင့်လိုက်နှိမ့် လိုက်ဘဲ" အခု ၁၇နှစ်ရှိသူလေးရဲ့စိတ်ခံစားသူလေးပါ! "စီးပွားရေးအဆင်မပြေမှုကတော့ စကာင်္ပူ လူတွေရဲ့ အမြဲပါနေကျပြဿနာတခုပါဘဲတဲ့" သို့သော် ဘာတွေလဲ လိင်နောက်ဆက်တွဲ ခေါ်တဲ့ sex additionဆိုတာ?"ကိုယ်တွေ့ဖြစ်ရပ်တခုပါဘဲတဲ့! တချို့လူလာပြီးစောဒတက်ကျတယ် သူတို့ ရဲ့ဘ၀တလျှောက်လုံးမှာ တချိန်လုံးနှင့်အချိန်တိုင်း ရမ္မက်တက်ကြွချိန်မှာဘဲ လိင်ဆက်ဆံချင်ကျတယ်" လို့ bikyamasr.com မှာကို ပြောတယ်၊  သို့သော် တကယ်စိတ်ညစ်နေရပြီး ရိုးရိုးမပျော်ရွှင်မှုက အပေးအယူမမျှတဲ့ လက်ရှိဆက်ဆံ ရေးတွေပါဘဲ၊  သူမလက်ရှိ သူတို့ရဲ့လက်ရှိယောကျာင်္းတွေနှင့် ဆက်ဆံတာ မပျော်ရွှင်ကျတာဘဲ! သူမတို့ရှာနေတာက သူမတို့နှင့် အကြိုက်ခြင်း တူညီတဲ့ အပေးယူမျှတဲ့ ယောကျာင်္းတွေကိုပါဘဲတဲ့!" ကောင်းသေးရဲ့လား အပေါင်းအသင်းတို့ ဒါအခုခေတ်မှီတဲ့အနောက်ပိုင်းယှဉ်ကျေးမှုစရိတ်တွေဘဲ!ဒီမိုကရေစီလို့ပြောရမလားဘဲ.....တခုသောAsiaone ရဲ့အင်္ဂါနေ့တိုင်းမှာအခန်းဆက် တွေတောက်လျှောက် သားနေသောသတင်းလေးပါ!  Yang လောင်ပြောင်ထားတာက "နောက်ဆက်တွဲဇာတ်လမ်း လေးတွေ ရေးရရင်ဘယ်တော့မှပြီးမှာ မဟုတ်ဘူးတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွဲလေးတွေ အများကြီး ရှိတယ်တဲ့လေ"
သူကအဓိကပြဿနာကိုရေးထားတာက လက်ရှိငြင်းခုံနေကျတာတွေရှိတယ်လေ! "ယောကျာင်္းနှင့် မိန်းမ ဘယ်သူတွေပိုပြီး တခြားသူတွေနှင့် ပိုအိပ်ချင်ကျတာလဲ? ကောင်းပြီ! ဆေးပညာအရ ဘာမှပြဿနာ မရှိပါဘူး ကုသလို့ရပါတယ်တဲ့၊ အဓိကဆေးပညာအရ စိတ်ရောဂါနှင့်ဆိုင်တဲ့ ကျွှန်တော်တို့နားလည်ထား တာက လူတွေဖြစ်လာတာက လိင် ဆက်ဆံလို့ဖြစ်လာတာပါ၊ သို့သော် ကွှန်တော်တို့မှာ  ဘ၀မှာ လူအသိုင်းအ၀ိုင်းနှင့် နေထိုင်မှု တွေအတွက် လိုအပ်နေပါသေးတယ်" အမျိုးသားကြေးစားပညာရှင်ကပြောတယ်! လိင်ဆက်ဆံတဲ့အချိန် ဆေးအကူအသုံးပြုတာ ဆေးပညာအရ ဘာမှအန္တရယ် မဖြစ်ပါဘူး သို့သော် မလွန်ကျွံစေနဲ့တဲ့!" Sex Addiction ဟာ လူမှုဆက်ဆံရေး အမြင်သဘောထားအသစ်တွေကို မီဒီယာမှာရေးထားတာ အခုမှာရှိတာမဟုတ်ပါဘူး အရင်ကတည်းရေးသားထားတာအများကြီး ရှိနေပြီး နေ့စဉ်ရက်ဆက်တင် ပြ ရေးသားချက်တွေပါဘဲတဲ့ အရေးကြီးတဲ့အချက်တွေနှင့်လူတိုင်းကြိုက်တဲ့ ကဏ္ဌာန်ဖြစ်တယ်လို့ " ထောက်ခံ ပါတယ်၊ဗြိတိန်လူမျိုး MarlonThomas စကာင်္ပူမှာနေထိုင်သူကို မေးကြည့်ပါတယ်?သူကအခုကွာရှင်းထားသူပါတဲ့ ဘာဖြစ်လို့လဲဆိုတော့ သူမိန်းမက ရမ္မက်တက်မက်မှုလိုအပ်မှုတွေ များလွန်းလို့ပါဘဲတဲ့!သူမကပြောတယ်သူမဟာ sex addction အသင်းကပါတဲ့ သို့သော် အခု ထပ်ပြီး လက်ထပ်ထားပြီးပြီတဲ့ သူမကသူကိုပြောပါတယ် အဖော်သစ်တွေမရှာတော့ပါဘူးတဲ့" သူမ၀န်ခံပါတယ်တဲ့၊
သူကတော့ သူမအပေါ် အခုအချိန်မှာ လိင်ကိစ္စနှင့်အချစ်စိတ်တွေစိတ်ကုန်သွားပါပြီ၊ နောက်ဆက်ရန် မရှိပါဘူး၊ သူမကို ပျော်ရွှင်မှုနှင့် လိုအင်ဆန္ဒာတွေကိုမဖြည့်စီးပေးနိုင်တာ သူနားလည်တယ် ဘယ်သူကိုမှ စိတ်မဆိုးပါဘူးလို့ သူက Bikyamar.com ပြောပါတယ်၊Asiaone က ရေးသားချက်တွေကတော့ သက်ရောက်မှုအတိုင်းအတာတွေ ဘယ်လိုလူတွေရဲ့ ခံယူချက်နှင့် ခံစားချက် တွေ ဖြစ်ပျက်မှုတွေနှင့်မိသားစုအပေါ်သက်ရောက်မှုနှင့် အလုပ်တွေအပေါ်ထိခိုက်မှုတွေပါဘဲ?သို့သော်Yang နှင့်စိတ်ပညာရှင် တွေ Bikyamasr ကပြောဆိုငြင်းခုန်နေတာက  sex addction က  " မီဒီယာတွေကိုရောင်းအားတက်အောင်နှင့် စာဖတ် ပရိတ်ဿတ်တွေစိတ်ဝင်စားအောင် လုပ်ဆောင် နေတာပါတဲ့" သူတို့ယုံကြည်နေတာက ဖြစ်ရပ်မှန်တွေလိင်မှုခင်းများတွေနှင့် တစုံတခုသော လူမှုရေးဖြစ် ပျက် တာတွေကိုတင်ပြလိုတာဖြစ်ပြီး လူမှုရေးဖောက်ပြန်မှုကို တားဆီးလိုခြင်းတာဖြစ်ပါတယ် အကယ်၍ လူမှုအဖွဲ့ အစည်း ကို လိင်ကိစ္စတွေ နည်းလည်စေချင်တာဖြစ်ပါကြောင်း" ဆိုပါတယ်.......

ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်

ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway