10.08.2013

မြန်မာ မိန်းကလေး facebook ပေါ်သို့ တင်သောပုံကြောင့် အိမ်ပြန်ရ

From : ..The Star 


စင်္ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ် ကိုင်နေသူ အသက် (၂၂) နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးသည် ကိုယ့်ကိုယ်ကို လက်ကိုင်ဖုန်းဖြင့် မဖွယ်မရာ ဓါတ်ပုံများရိုက်ကာ ဖေ့(စ်) ဘွတ်(စ်)တွင် တင်ခဲ့ကြောင်း ချိုင်းနားပရက်(စ်) သတင်းစာတွင် ဖော်ပြခဲ့သည်။
အိမ်ဖော်မလေးသည် အလုပ်ရှင် အိမ် တွင်မရှိခိုက် အလုပ်ရှင်၏ အိပ်ခန်းအတွင်းဝင်ကာ ဘရာစီယာမျှသာ ၀တ်ထားသော ပုံများနှင့် လိင်စိတ်နိုးကြွစေသော ပုံများ ရိုက်ကူးခဲ့သည်ဟု ဆိုသည်။
“သူ့ရဲ့ အပြုအမူကို ကျွန်တော့်ရဲ့ အွန် လိုင်းမိတ်ဆွေတစ်ဦးထံက သိရတော့ ကျွန်တော် အံ့သြတုန်လှုပ်သွားတယ်။ သူဟာ ကျွန်တော့်သား (၁၀ နှစ်) ရဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာကို ခွင့်ပြု ချက်မယူဘဲ သုံးခဲ့ရုံသာမက ကျွန်တော်တို့ မိသား စုရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အိမ်ဖော်မိန်းကလေးက “သူမသည် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပြီး ယခုလို ပွဲဆူအောင် လုပ်ရသည့်ကိစ္စကို ၀ါသနာပါ ကြောင်း” ၀က်(ဘ်)ဆိုဒ်တွင် တင်ထားခဲ့သည်။
သူမ၏ အလုပ်ရှင်လီသည် အဆိုပါကိစ္စ ဖြစ်ပွား ပြီးနောက် မြန်မာအိမ်ဖော် မလေးအား အေးဂျင့်ထံ ပြန်ပို့ခဲ့ကြောင်း သတင်းစာတွင် ရေး သား ဖော်ပြခဲ့သည်။

.
www.MyanmarExpress.net
 

No comments:

Post a Comment

သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်

ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်

ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway