
အိမ်နဲ့ရုံးခန်းတွေမှာ လျှို့ဝှက်အစောင့် တစ်ယောက်ထားခဲ့သလိုမျိုး အသုံးကျတဲ့ နည်းပညာပစ္စည်းဖြစ်ပါတယ်။ ပြင်ပကို အချိန်ရှည်ကြာစွာ ထွက်ရတတ်တဲ့ သူတွေအတွက် အဆင်ပြေစေမယ့် နည်းပညာ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဗီဒီယို မှတ်တမ်းတင်နိုင်ဖို့ အတွက်တော့ ဒီပစ္စည်းက မလုပ်ပေးနိုင်ပါဘူး။ ဒီပစ္စည်းမှာ Infrared Sensor ထည့်သွင်းထားတဲ့ အတွက် လူ (သို့) တိရစ္ဆာန်တစ်ကောင်ကောင်ဖြတ် သန်းသွားပါက ဖုန်းကိုအချက်လှမ်းပေးမှာ ဖြစ်ပါတယ်။ အသုံးပြုမယ့်သူတွေ အနေနဲ့ GSM ဖုန်းကတ်နှစ်ကတ် လိုအပ်မှာဖြစ်ပါတယ်။ နည်းပညာပစ္စည်းမှာ ဖုန်းကတ်တစ်ကတ် ထည့်သွင်းရမှာဖြစ်ပြီး အဆိုပါ ဖုန်းကတ်ရဲ့ နံပါတ်ကတော့ မည်သူတစ်ဦး တစ်ယောက်မျှ မသိတဲ့နံပါတ်ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ကတ်ကိုတော့ ကိုယ့်ဟန်းဆက်ထဲမှာ ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ ကိုယ့်အိမ်မှာ မရှိတဲ့အ ခါပဲဖြစ်ဖြစ်၊ ရုံး ခန်းကနေအပြင်ကို သွားတဲ့အခါမှာဖြစ်ဖြစ် အခန်းထဲကိုလူဝင် ရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့ဖုန်းကို လှမ်းပြီးအချက်ပေး ဖုန်းခေါ်မှာဖြစ်ပါတယ်။
ကိုယ်ကအဲ့ဒီအခါမှာ ဖုန်းကိုကိုင်လိုက်မယ် ဆို ရင်တာ့ ဒီပစ္စည်း တပ်ထားတဲ့ ၁၀ မီတာအတွင်းက အသံတွေကို ကြားရမှာဖြစ်ပါတယ်။ ဖုန်းကိုမကိုင်ဖြစ်ဘူးဆိုရင်တော့ ဖုန်းကို ၃ မိနစ် (သို့) ၅ မိနစ်တစ်ခါတိုင်း အ ချက်ပေး ဖုန်းခေါ်နေမှာ ဖြစ်ပါတယ်။ လုပ်ကိုင် ဆောင်ရွက်ရတာနဲ့ တပ်ဆင်အသုံးပြုရတာ လွယ်ကူပါတယ်။ Standby အချိန်ရှည်ကြာပြီး ဖုန်းနားထောင်တဲ့အခါမှာ ကြားရတဲ့အသံ ကြည်လင်ပြတ်သားမှု ရှိပါ တယ်။ Motion Sensor က ၄ မီတာ အကွာအဝေး အထိသာရပါတယ်။ သုံးမယ်ဆိုရင်တော့ လူတွေလမ်းလျှောက်တဲ့ Level တစ်ခုမှာထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ GSM 850 MHz, 900 MHz, 1800 MHz, 1900 MHz တွေကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဒီနည်းပညာကို စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ် အချက်အလက်တွေကို ဖုန်း-၃၈၀၅၃၆ နှင့် ၀၉၈၆၂၂၇၄၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
No comments:
Post a Comment
သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်