10.29.2013

Posted by drmyochit Saturday, September 07, 2013, under  | No comments


မြို့ပတ်ရထားအထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြား သိရသော်လည်း တရား ဝင်တိုင်ကြားမှု များမရှိသေး ဟု မြန်မာ့မီးရထားမှ ရန် ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ သူ တို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင်တယ်။ သိပ်ကြီးလွန်လွန် ကဲကဲ ဖြစ်လာ ရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့'' ဟု ၄င်းက ပြောသည်။

မြို့ပတ်အထူးတွဲများပေါ်၌ ရထား ရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက် မှတ်သိမ်းဝန်ထမ်းများပါရှိကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။

''အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ''ဟု အထက် ပါ အရာရှိက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ ကာအထူးတွဲ ချိတ်ဆက်ပြီးစီးမှုမှာ ၁၁ ဆိုင်းရှိပြီ ဟု သိရသည်။

မြို့ပတ်ရထားသည် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်၍ ထွက်ခွာပြီး ယင်း တွင်လည်း အထူးတွဲပါရှိကြောင်းညပိုင်း တွင် နောက်ဆုံးထွက် ရထားမှာ ၉ နာရီ ၄၅ မိနစ်ဖြစ်ပြီး အထူးတွဲပါရှိသည့် နောက်ဆုံးတွဲမှာ ၉ နာရီ မိနစ်၂ဝ တွင် ဘူတာကြီးမှစတင်ထွက်သည်ဟု မြန်မာ မီးရထားမှ သိရသည်။

''မနက်အစောပိုင်း နေ့ခင်းလူနည်း ချိန် ညပိုင်းတွေမှာ အဲလိုကိစ္စတွေ ပိုရှိ နိုင်တာပေါ့''ဟု အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။

No comments:

Post a Comment

သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်

ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်

ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway