GalaxyS4(GTI9500)သမားတွေ အတွက် မြန်မာစာပါတဲ့ Firmware တင်ပုံတင်နည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်..ကိုယ်တိုင်ကိုယ်ကျ တင်နိုင်အောင် Tutorials များနဲ့တကွ ရှင်းပြပေးသွားမှာဖြစ်ပါတယ်..လိုအပ်မယ်ဖိုင်တွေကို အောက်ပါလင့်တွင် ဒေါင်းယူပါ..
Passward တောင်းလာပါက MMAS ဟု ရိုက်ထည့်ပါ..
အားလုံးဒေါင်းပြီးသွားရင် ကွန်ပျူတာပေါ်မှာ Zip ဖြေလိုက်ပါ..
Firmware ဖိုင်ဇစ် ဖြေတဲ့အခါမှာ tar.md5 ဖိုင်နဲ့ SS.DLL ဆိုပြီး ဖိုင် နှစ် ဖိုင် ထွက်ပါမယ်..
အဲဒီထဲက tar.md5 ဖိုင်ကို ပဲယူမှာပါ.. ပြီးရင် odin ကို ကွန်မှာ ရမ်းလိုက်ပါ…ပြီးရင် အဲထဲက PDA နေရာမှာ စောစောတုန်းက firmware ဖိုင်ထဲက tar.md5 ဖိုင်ကို ရွေးပေးလိုက်ပါ…အောက်ပါပုံအတိုင်း ဖြစ်နေပါမယ်..

ပြီးရင် ဖုန်းကို ပါဝါပိတ် Download mode ကို Vol- Power Home တွဲနှိပ်ပြီးဝင်ပါမယ်..အောက် ကအတိုင်းဆိုရင် Download modeေ၇ာက်ပါပြီ..
ပထမပုံအတိုင်း ပေါ်လာရင် vol+ ခလုတ်ကို နှိပ်လိုက်ပါ ဒုတိယပုံအတိုင်းဆို၇င် ရောက်ပါပြီ..
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ…ခဏကြာရင် Odin ရဲ့
ID.com အထက်မှာ အရောင်လေး လင်းလာပါမယ်..
အဲဒီလိုမှ မလင်းလာရင် Driver ,ကြိုးပြန်စစ်ရပါမယ်..
ပြီးရင်တော့ Odin ရဲ့ Start ခလုတ်ကို နှိပ်လိုက်ပါ… အောက်ပါပုံအတိုင်း PASS ပြရင် ပြီးသွားပါပြီ ဖုန်းက reboot ကျသွားပါလိမ့်မယ်..ပြန်တက်လာရင် မိမိဖုန်း android versio 4.3 တင်ခြင်း ပြီးဆုံးပါပြီ.. reboot ကျသွားလို့ samsung logo မှာပဲ ၀ဲလည်လည် ဖြစ်နေရင် ဖုန်းကို ဘက်ထရီဖြုတ် ပြန်တပ် recovery mode ကို vol+ power home တွဲနှိပ်ဝင်ပါ အောက်ပါအတိုင်း ပေါ်လာပါမယ်.. အဲထဲကနေ factoy data reset /wipe cache partation လုပ်ပြီး reboot system now နှိပ်လိုက်ပါ..ပြန်တက်လာရင် 0k ပါပြီ..


No comments:
Post a Comment
သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်