1.01.2014

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်



Mon, 12/30/2013 - 18:02
အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။
- See more at: http://www.myanmarinternetjournal.com/content/10277#sthash.yHI6kkPH.dpuf

No comments:

Post a Comment

သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်

ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်

ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway