အားနေရင်နဲ့ သူငယ်ချင်းတွေကိုဘာတင်ရရင်ကောင်းမှတ်လည်းလို့စဉ်စားရင်နဲ့ပဲ ကျွန်တော် အသုံးပြုနေတဲ့ computer ကိုဓါတ်ပုံရိုက်နည်းလေးကိုတင်ပေးလိုက်ပါတယ် ဓါက်ပုံရိုက်တယ်ဆိုတာ computer တစ်ခုလုံးကို အပြင်ကနေရိုက်တာမဟုတ်ပါဘူး ကိုယ်ရောက်နေတဲ့ wed တစ်ခုထည်းက ကိုယ်လိုချင်တဲ့ စာမြတ်နှာကို ရိုက်ယူတာဖြစ်ပါတယ် ပြီးတော့ setting ပိုင်းကို ကိုယ်ပြချင်တဲ့နေရာကို အတိအကျပြတဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ် ဒီနည်းလေးက အရမ်းကို လွယ်ကူလို့ပါ
မသိရင်တော့ခက်တာပေါ့နော် သိသွားရင်တော့ လွယ်လွယ်လေးပါ ဒီနည်းလေးကို ကျွန်တော် ငပိန် လေးမသိခင်တုန်းက အတော်လေးခေါင်းစားခဲ့တယ် ကျွန်တော်လို ဘာမှာ မသိသေးတဲ့ ပညာသင်နေဆဲ သူငယ်ချင်းများ ကို ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ သိပြီးသားတွေကတော့ ကျော်သွားလိုက်ပေါ့နော် ok စမယ်နော် ကိုယ်လိုချင်တဲ့နေရာကို ရောက်နေပြီဆိုပါစို့ keyboard က (prtScsyRq) လို့ရေးထားတဲ့ ခလုပ်လေးကိုနှိပ်လိုက်ပါ ပုံ ကတော့ တန်းပြီိးပေါ်မလာဘူးနော် WINDOW ထည်းမှာပါ Paint ဆိုတဲ့ ဆော့ဝဲလ် လေကိုရှာပြီး ဖွင့်လိုက်ပါ ဒီ အဆင့်ထိ ပုံမပေါ်သေးဘူးနော် ပြီးရင်တော့ keyboard က (Ctrl)+(v) ဆိုတဲ့ ခလုပ် နှစ်ခုကို တွဲနှိပ်လိုက်ပါ ပုံပေါ်လာပါပြီး ပြီးရင်တော့ အပေါ်ဒေါင့်လေးမှာ ခြက်ခြေ ခက်လေးကို နှိက်လိုက်ပြီးတော့ save ဆိုတာကို နှိပ်လိုက်ရင် file Explorer ထည်းက picture နေရာမှာရောက်နေပါပြီ အောက်ကပုံလေးတွေကိုကြည့်ပြီးလည်း နာလည်နှိုင်ပါစေ
ဒီလိုလေးပေါ်လာမယ်
keyboard ကနေဒီလိုနှိပ်လိုက်
ဒီလိုလေးဖြစ်သွားရော
No comments:
Post a Comment
သင့်ရဲ့ ဝေဖန်မှု့တွေ ကိုစောင့်စားနေပါတယ်