5.17.2014

DropBox 50GB ရအောင်လုပ်နည်း....

 ဖုန်တွေမှာ ယ္ခုအခါ Dropbox ကို တွင်တွင်ကြယ်ကြယ် သုံးလာကြပါပြီး ဒါကြောင့် Dropbox ကိုဖုန်းထည့်မှာ အသုံးပြုရင် စစချင်း 2gb ပဲရပါတယ် အဲဒီ 2GB ကို 50GB FREE ရအောင်လုပ်မယ်ဗျာ အရင်ဆုံး ဒီကောင်လေးကို Download ချလိုက်ပါ Download ပြီးရင် အဲဒီ download ချလိုက်တဲ့ zip လေးကို ဖုန်း sdcard ထည်းကို ထည့်လိုက်ပါ ပြီးရင် ဖုန်းကို recovery mode ဝင်လိုက်ပါ sistall  zip form  sdcard  >>choose zip form  sdcard ကနေ အပေါ်ကယူထားတဲ့ ကောင်းလေးကို install လုပ်ပေးလိုက်ရင်ရပါပြီ ဖုန်းပါဝါ ပြန်ပွင့်လာရင် dropbox apk လေးကိုမြင်ရပါပြီ နျှောက် ကိုယ့် Account လေးနဲ့ဝင်လိုက်ရင် 50GB ဆိုတာကို တွေ့နေရပါပြီ*****
             ****PASSWORD****  spider

APK ကို မြန်မာမှုပြုခြင်း အသေးစိတ်

Android Device မှာ Install ပြီး ဆော့ကစားကြတဲ့ ဂိမ်းလေးတွေ၊ Facebook, Twitter ကဲ့သို့သော Social
app လေးတွေ၊ စက်ကို အမှိုက်ရှင်းပေးတဲ့ app လေးတွေကို ကိုယ်တိုင် မြန်မာမှုပြုနိုင်စေဖို့ အသေးစိတ်
ဖော်ပြပေးလိုက်ပါတယ်။ တချို့တွေစမ်းသပ်ကြည့်ကြတဲ့အခါမှာ အခက်အခဲလေးတွေ ရှိနေကြသေးတာမို့
လို့ ဒီလို အသေးစိတ် ဖော်ပြပေးလိုက်တာပါ။ အရင်ဦးဆုံး ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ JDK (Java Development Kit) ရှိနေဖို့ လိုအပ်ပါတယ်။ Java ကို Install လုပ်နည်း နဲ့ ထည့်သွင်းနည်း အသေးစိတ်ကို
"Java ကို Install စတင် ပြုလုပ်ခြင်း" မှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။ ဒါဆိုရင် ကွန်ပျူတာမှာ Java
ထည့်သွင်းပြီးပြီ လို့ ယူဆလိုက်ပါတော့မယ်။ ဒေါင်းစရာ ဖိုင် နှစ်ဖိုင်ရှိပါတယ်။ မူရင်း Download Link ကတော့ >>>http://apkmultitool.com/?q=node/5  ဖြစ်ပါတယ်။

ဒါပေမယ့် Frame Work ဖိုင်ကို ဒေါင်းဖို့ ရှာမတွေ့ကြတဲ့အတွက် MediaFire မှာ တင်ထားပေးပါတယ်။
APK-Multi-Tool ကို Down ရန် >>> Download <<<
Framework ကို Down ရန်      >>>Download <<<

ဒေါင်းလို့ ရရှိလာတဲ့ zip ဖိုင် နှစ်ဖိုင်ပေါ်ကို Right Click နှိပ်ကာ Extract Here ဖြင့် နှစ်ဖိုင်လုံးကို ခွဲလိုက်ပါ။

ခွဲပြီးသွားရင် framework-res_api16.apk ကို ကော်ပီကူးပြီး APK-Multi-Tool ဖိုဒါထဲကို ထည့်ပါ။

အဲ့ဒိ framework-res_api16.apk ဖိုင်ကို Rename ပြောင်းပါမယ်။ framework-res.apk လို့ပြောင်းလိုက်
ပါ။ ပြီးရင် other ဖိုဒါထဲကို ထည့်ပေးလိုက်ပါ။ တစ်ခုပြောချင်တာက Rename ပြောင်းတဲ့ အချိန်မှာ ဂရု
စိုက်ပေးပါလို့ ...။

နောက်တစ်ဆင့်ကတော့ Setup.bat ဖိုင်ကို Double Click နှိပ်ကာ Run ပေးပါ။ ပြီးသွားရင် Frame Work
ကို Install ဖို့အတွက် 2ကို ရိုက်ကာ Enter ခေါက်ပါ။

ပြီးရင် 1 ကို ထပ်ရိုက်ပြီး Enter ခေါက်ပါ။

framework ကိုတွေ့ရှိပြီး Install လုပ်ပါလိမ့်မယ်။ Press any key to continue ... ဆိုရင် ကီးဘုတ်မှ ကီး တစ်ခုခု နှိပ်ပေးလိုက်ပါ။

ပြီးရင် (ပိုရှင်းသွားအောင်) Setup.bat ကို ပိတ်ပြီး တစ်ခါ ပြန်ဖွင့်ပါ။ 3 လို့ ရိုက်လိုက်ပြီး Enter ခေါက်လိုက်
ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖိုဒါ အသစ်တွေကို တွေ့ရှိရမှာပါ။ 

 _______________________________________________________________________

လုပ်ငန်းစဉ် တော်တော် များများကို ပြီးမြောက်သွားပါပြီ။ မြန်မာမှုပြုဖို့ အတွက် စတင်ပါတော့မယ် ....။
place-apk-here-for-modding ဖိုဒါထဲကို ကိုယ် မြန်မာမှုပြုချင်တဲ့ apk ဖိုင်ကို ထည့်ပါ။ ကျွန်တော်က
တော့ နမူနာအနေနဲ့ Facebook.apk တစ်ခုကို ထည့်လိုက်ပါတယ်။

တစ်ခု သတိထားဖို့ ပြောချင်တာကတော့ ကိုယ်ထည့်လိုက်တဲ့ apk ဖိုင်ရဲ့ နာမည်ဟာ လုံးဝ Space မခြား
ရပါဘူး။ ဒါဟာ အရေးကြီးပါတယ်။ ပြီးရင်Script.bat ဖိုင်ကို Double Click နှိပ်ကာ Run လိုက်ပါ။ ကိုယ်
ထည့်လိုက်တဲ့ apk ဖိုင်ကို ရွေးချယ်ပေးဖို့ အတွက် 24 ကို ရိုက်ပြီး Enter ခေါက်ပါ။

place-apk-here-for-modding ဖိုဒါထဲမှာ apk ဖိုင် များများထည့်ထားရင် များများပေါ်နေမှာပါ။ ကျွန်တော်
ကတော့ ခုနက ထည့်ထားလိုက်တဲ့အတိုင်း Facebook.apk ဆိုတာတစ်ခုတည်းရှိနေလို့ တစ်ခုတည်း ပေါ်
နေပါတယ်။ အဲ့ဒါလေးကို ရွေးချယ်ဖို့ 1 ကိုရိုက်ပြီး Enter ခေါက်ပါ။

apk ကို Decompile ခွဲမှာ ဖြစ်တဲ့ အတွက် 9 လို့ ရိုက်ပြီး Comment ပေးလိုက်ပါ။  ဒါဆိုရင်တော့ ခွဲနေပါ
လိမ့်မယ်။ ဖိုင်ရဲ့ ဆိုဒ် အကြီးအသေးကို မူတည်ပြီး ကြာချင်ကြာပါလိမ့်မယ်။

ခွဲပြီးသွားရင်တော့ Projects ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ခွဲထားတဲ့ Facebook.apk ဖိုဒါကြီး ရောက်ရှိလို့နေပါပြီ။
Script.bat ဖိုင်ကြီးကိုတော့ မပိတ်သေးဘဲ Minimize လုပ်ထားလိုက်ပါ။ 

မြန်မာ လို စာတွေ ထည့်နိုင်ဖို့ အတွက် အဲ့ဒိ Facebook.apk ဖိုဒါထဲကို ၀င်ပါ။ ပြီးရင် res ဖိုဒါထဲကို ၀င်ပါ။
အဲ့ထဲကမှ values ဖိုဒါထဲမှ strings ဆိုတဲ့ xml ဖိုင်လေးကို ဖွင့်လိုက်ပါ။

ပြီးရင် အောက်ပါပုံအတိုင်း
ဆိုတာလေးရဲ့ရှေ့က အင်္ဂလိပ်စာတွေကို သင့်တော်သလို မြန်မာ
စာ ပြောင်းပါ။

အားလုံးပြောင်းပြီးရင်တော့ သိမ်းပါမယ်။ File ကို နှိပ်ပြီး Save as... ကို နှိပ်ပါ။

အဲ့နောက် အောက်ပါအတိုင်း Save as type မှာ All Files ကို ရွေးထားပါ။ Encoding မှာ UTF-8 ကို ရွေး
ပေးပါ။ ပြီးရင်တော့ Save ပေါ့...။

ဖိုင်က ရှိပြီး သားဖြစ်ပါတယ်... အစားထိုးမှာလား ??? ဆိုပြီးမေးလာရင် Yes ကို နှိပ်ပေးလိုက်ပါ။
  

Script.bat ဖိုင်ကို ပြန်သွားပါ။ ကိုယ့်ရဲ့ apk ဖိုင်က System apk မဟုတ်ရင် 12 ကို ရိုက်ပါ။  System apk
ဆိုရင်တော့ 11 ကိုရိုက်ပါ။ အခု Facebook.apk အတွက်ကတော့ System apk မဟုတ်လို့ 12 လို့ပဲ ရိုက်
လိုက်ပါ။ ပြီး ရင် Enter ခေါက်၊ ခဏစောင့် ! :D

1, 2, 3, 4 ရွေးစရာ မေးလာရင် 2 ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ။ 

ပြီးရင် apk ကို Sign လုပ်ရန် အတွက် 13 လို့ ရိုက်ပြီး Enter ခေါက်ပါ။ 

အားလုံးပြီး သွားပါပြီခင်ဗျာ ...... ။ ကိုယ် မြန်မာမှုပြုထားတဲ့ apk လေး ကို တွေ့ချင်ရင်တော့ place-apk-here-for-modding ဖိုဒါထဲကို ပဲ ပြန်သွားလိုက်ပါ။ မူရင်း apk က Facebook.apk ဖြစ်ပြီး၊ မြန်မာမှု
ပြုထားတဲ့ apk ကတော့ SignedFacebook.apk ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ပဲ တခြား ဖိုင်တွေ ဖြစ်တဲ့ drawables ဖိုဒါတွေထဲကို လျှောက်ဝင်ကြည့်ပြီး ပုံ လေးတွေကိုလည်း
ပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်ဗျာ.....။ တခြား apk ဖိုင် ( ဂိမ်းတွေ၊ စက်ရှင်းတဲ့ ဆော့ဝဲတွေ) ကိုလည်း
စမ်းသပ်ကြည့်ကြပါ
Download    APK ကို မြန်မာမှုပြုခြင်း အသေးစိတ် စာအုပ်
ိDownload   APK-Multi-Tool ကို
Download  Framework ကို
java ကို Download အဲဒီဆိုဒ်မှာ ကိုယ်ကွန်ပြူတာနဲ့ ကိုက်ညီမဲ့ java ကို download ချလိုက်ပါ ပြီးရင် install လုပ်လိုက်ပါ အပေါ်ကပေးထားတဲ့ APK ကို မြန်မာမှု့ပြူခြင်းအသေးစိတ်စာအုပ်ထည်းမှာ ပါပါတယ် အားလုံးအစဉ်ပြေကြပါစေ....

5.07.2014

မြန်မာဘာသာစကားနဲ့ မြန်မာကီးဘုတ် ပါဝင်သော S3 (GT-I9300) 4.2.2 Firmware ကို ရယူနိုင်ပါပြီ

Samaung Galaxy S3 (i9300) အတွက် မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို တင်ပေးလိုက်ပါတယ်။ သာမန် အသုံးပြုသူတွေအတွက်ရော Service သမားအားလုံးအတွက်ပါ အဆင်ပြေစေမှာပါ။ အရင် ထွက်ရှိထားတဲ့ i9300 4.2.2 (I9300XXUFME7) ကို မြန်မာစာဖောင့်နဲ့ ကီးဘုတ်အပြင် Language မှာပါ Burmese လို့ရွေးပြီးသုံးလို့ရပါတယ်။ Font ကို Samsung Zawgyi Font သုံးထားပါတယ်။ Galaxy S4 ရဲ့ official မြန်မာဖောင့် ပါပြီးသားထဲက ထုတ်ထားတဲ့ Font ပါ။ ကီးဘုတ်ကိုတော့ Frozen Keyboard 1.1.3 ကိုပဲ သုံးထားပါတယ်။ Frozen Keyboard Pro မသုံးတာက Expire Dateကြီးနဲ့ဆိုတော့ တော်ကြာ ရက်ပြည့်သွားရင် သုံးလို့အဆင်မပြေတော့မှာစိုးလို့ပါ။ Binary Count လုံးဝမတက်ပါ။ System Status လဲ Official ပါ။
 firmware တင်းနည်း
(1) I9300XXUFME7_I9300OXAFME7_YYL.zip ကို Download လုပ်ပါ။
(2) Odin ကို ဖွင့်ပါ။
(3) Zip ဖိုင်ကို ဖြည်ပြီးထွက်လာတဲ့ I9300XXUFME7_I9300OXAFME7_I9300XXUFME7_YYL.tar.md5 ကို PDA နေရာမှာထည့်ပါ။
(4) ဖုန်းကို power ပိတ်ပါ။
(5) Power + Home + Vol Down ခလုတ်သုံးခုကို တွဲနှိပ်ပြီး Download Mode ကို ၀င်ပါ။
(6) Usb ကြိုးကိုအသုံးပြုပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။
(7) Start ကို နှိပ်ပါ။
(8) ဘယ်ဘက်အပေါ်ထောင့်က အပြာတန်းလေး ပြီးတဲ့အထိ စောင့်ပါ။ Pass လို့ ပေါ်လာရင် Odin ကို ပိတ်ပါ။ ကြိုးဖြုတ်ပါ။
(9) ဖုန်းရဲ့ recovery mode မှာ ၀င်နေတာတွေ့ရင် reboot system now ကိုရွေးပေးပါ။
(10) စက်တက်လာပြီဆိုရင်တော့ Language နေရာမှာ English (United State) ကိုပဲ ရွေးရွေး။ မြန်မာလိုပဲ သုံးချင်တယ်ဆိုရင်တော့ Burmese ကိုရွေးပါ။
S3 (GT-I9300) 4.2.2 မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို အသုံးပြုလို့ရပါပြီ။

Download Link များ

Hotfile Download

Mediafire Download

Dev-host Download


20130731_153514 Screenshot_2013-08-01-15-56-09
Screenshot_2013-08-01-15-22-54 Screenshot_2013-08-01-15-23-11

Galaxy S4 (GTI9500)သမားတွေ အတွက် မြန်မာစာ ပါတဲ့ official firmware 4.3 တင်မယ်

GalaxyS4(GTI9500)သမားတွေ အတွက် မြန်မာစာပါတဲ့ Firmware တင်ပုံတင်နည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်..ကိုယ်တိုင်ကိုယ်ကျ တင်နိုင်အောင် Tutorials များနဲ့တကွ ရှင်းပြပေးသွားမှာဖြစ်ပါတယ်..လိုအပ်မယ်ဖိုင်တွေကို အောက်ပါလင့်တွင် ဒေါင်းယူပါ..
ွGalaxy S4(GTI9500) firmware ဖိုင်အားဒေါင်းရန်
Passward တောင်းလာပါက  MMAS ဟု ရိုက်ထည့်ပါ..

Odin အား ဒေါင်းရန်

Samsung Usb Driver ဒေါင်းရန်(ရှိပြီးသားဖြစ်ပါက ဒေါင်းစရာမလိုပါ)

အားလုံးဒေါင်းပြီးသွားရင် ကွန်ပျူတာပေါ်မှာ Zip ဖြေလိုက်ပါ..
Firmware ဖိုင်ဇစ် ဖြေတဲ့အခါမှာ  tar.md5 ဖိုင်နဲ့ SS.DLL ဆိုပြီး ဖိုင် နှစ် ဖိုင် ထွက်ပါမယ်..
အဲဒီထဲက  tar.md5 ဖိုင်ကို ပဲယူမှာပါ.. ပြီးရင် odin ကို ကွန်မှာ ရမ်းလိုက်ပါ…ပြီးရင် အဲထဲက PDA နေရာမှာ စောစောတုန်းက firmware ဖိုင်ထဲက tar.md5 ဖိုင်ကို ရွေးပေးလိုက်ပါ…အောက်ပါပုံအတိုင်း ဖြစ်နေပါမယ်..

ပြီးရင် ဖုန်းကို ပါဝါပိတ် Download mode ကို   Vol- Power  Home တွဲနှိပ်ပြီးဝင်ပါမယ်..အောက် ကအတိုင်းဆိုရင် Download modeေ၇ာက်ပါပြီ..

ပထမပုံအတိုင်း ပေါ်လာရင်  vol+  ခလုတ်ကို နှိပ်လိုက်ပါ ဒုတိယပုံအတိုင်းဆို၇င် ရောက်ပါပြီ..
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ…ခဏကြာရင် Odin ရဲ့
ID.com အထက်မှာ အရောင်လေး လင်းလာပါမယ်..

အဲဒီလိုမှ မလင်းလာရင် Driver ,ကြိုးပြန်စစ်ရပါမယ်..
ပြီးရင်တော့ Odin ရဲ့ Start ခလုတ်ကို နှိပ်လိုက်ပါ… အောက်ပါပုံအတိုင်း PASS ပြရင် ပြီးသွားပါပြီ ဖုန်းက reboot ကျသွားပါလိမ့်မယ်..ပြန်တက်လာရင် မိမိဖုန်း android versio 4.3 တင်ခြင်း ပြီးဆုံးပါပြီ.. reboot ကျသွားလို့ samsung logo မှာပဲ ၀ဲလည်လည် ဖြစ်နေရင် ဖုန်းကို ဘက်ထရီဖြုတ် ပြန်တပ် recovery mode ကို  vol+ power  home တွဲနှိပ်ဝင်ပါ အောက်ပါအတိုင်း ပေါ်လာပါမယ်.. အဲထဲကနေ factoy data reset /wipe cache partation လုပ်ပြီး reboot system now နှိပ်လိုက်ပါ..ပြန်တက်လာရင် 0k ပါပြီ..


ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်

ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway