12.28.2013

အမေစုကို အတုယူလိုက်တဲ့ အေးမြတ်မွန်




လက်တလော နာမည်ကြီးနေတဲ့ သြဇီမှ အွန်လိုင်း မြန်မာအဆိုတော် မေမြတ်မွန်ဟာ အတုယူမှားခဲ့တယ်လို့ သိရပါတယ်။ မေမြတ်မွန် အဓိက လေးစား အားကျ အတုယူခဲ့ရသူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့...

 အမေစုကို အားကျခဲ့သူ

အမေစုလိုပဲ နိုင်ငံခြားသားကို လက်ထပ်ခဲ့ပြီးနောက်



အမေစုလိုပဲ ကပြားလေးတွေ မွေးခဲ့ရပါပြီ

 အသက် ၄၀ ကျော်ရင်တော့ အမေစုလိုပဲ မြန်မာနိုင်ငံပြန်လာပြီး သမ္မတ လာရူးပါအုံးမယ်
ကျွန်တော်သိလိုတော့မဟုတ်ပါဘူး အောက်က link လေး ကယူလာတာပါ

ဖုန်းကို ဘယ်နိုင်ငံကထုပ်တာကို သိချင်ရန်



Guide Magazine —


သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။

12.27.2013

Phone အလွယ်တကူ..ငွေမပေးဘဲခေါ်ရအောင်





ယခုလို pfingo ,skype တို့လို့ဝယ်စရာမလိုတော့ဘူး။ ငွေအကုန်သက်သာတဲ့အပြင်.... အဲဒီဆော့ဝ်လ်ကဆိုဒ်
တော်တော်များများမှာတွေ့တယ်လို့ပြောတယ်။ အဲဒီဆော့ဝ်လ်ကိုဖွင့်တာနဲ့ ကိုယ့်ရဲ့ဖုန်းနံပါတ်ပြတယ်။
ကိုယ်ခေါ်ချင်တဲ့လူရဲ့ဖုန်းနံပါတ်ထည့်...ဘယ်ကဖြစ်ဖြစ်ရတယ်...
ဟန်းဖုန်း...တယ်လီဖုန်းတို့ရတယ်။ တကယ်လည်းစမ်းကြည့်ပါ။ အကျိုးတကယ်ရှိတဲ့အပြင် ဖုန်းအစစ်လို
Contacts ပါတယ်။ သူငယ်ချင်းအသစ်ရှာ...ဘာမှမဖြစ်ဘူး။
အသံ၊ ကွန်ပျူတာနဲ့ချက်တာ..video(vzochat လို)ပါတယ်။
register လုပ်စရာမလို..spyware..virus လုံးဝမရှိစေရဘူး။
ဆော့ဝ်လ်ကအလကားပေးတာ။ ဘယ်သူပဲဖြစ်ဖြစ်..လျို့ဝှက်ဖုန်းနံပါတ်ကို ရရှိနိုင်တယ်။

ဆော့ဝ်လ်နာမည်က CQPhone ပါ။ ဖိုင်ဆိုဒ်ကပေါ့ပေါ့ပါးပါးပါ။ 2.62 MB ရှိပါတယ်။
သူ့ရဲ့မူရင်းဆိုဒ်က http://www.cqphone.com/ ပါ။
အခု version က 2.4 ပဲရှိပါသေးတယ်(လောလောဆယ်ကိုပြောတာ)။
မူရင်းဒေါင်းလုတ်လင့်က http://www.cqphone.com/cqsetup2404.exe မှာပါ။
Phone အလွယ်တကူ..ငွေမပေးဘဲခေါ်ရအောင်

12.24.2013

facebook lock မကျအောင်

facebook lock ကျမှာကြောက်နေရင်ဒီလိုလုပ်ထားနော်

Myanmar မှာက phone နံပါတ် Security မရသေးတော့ လော့မကျရေးနည်းလမ်းတွေထွက်လာတယ်။ အွန်လိုင်းမှာ ဖေ့စ်ဘုတ် လော့မကျအောင်ဖွင့်နည်းတွေ အများကြီးပဲ။ ရှုပ်လည်း ရှုပ် ခက်လည်းခက်တယ်။ ကိုယ်တွေကတော့ ပညာရှင်တွေဆိုတော့ Short Cut ပဲသုံးတယ် ဟဲဟဲ
ကဲ စမယ်....... 
၁။ Facebook အကောင့်ဖွင့်လိုက် ပွင့်သွားတာနဲ့ ဒီအတိုင်းမနေနဲ့

၂။ http://www.facebook.com/hacked ဆိုတာကို သွားလိုက် (လင့်ကို ရိုက်လိုက်ပေါ့ url box မှာ ခလုပ်သီးသန့်ပေးမထားဘူး)

၃။နောက် မေးခွန်းလေးတွေလာလိမ့်မယ် No Yes Skip ကြိုက်ရာသာလုပ်ပေး။ နောက် ပတ်စ်ဝက်ကိုအသစ် ပြန်ပေးရမယ်။ ပြီးရင် အဓိကကတော့Security Question မှာ What is your first teacher တို့ Pep Dog Name တို့ မှာ တစ်ခုကို ရေးပေးလိုက်။

ဒါဆိုပြီးပြီ ကဲ ကျစမ်းကြိုက်သလောက်လော့ Security Question သာဖြေပေးရင် ပွင့်တာပဲ။

(တခြားနည်းတွေနဲ့ ဘာကွာလဲ? တခြားနည်းတွေက လော့မကျအောင်ဖွင့်တာ။ ဒီနည်းက လော့ကျရင် ပြန်ဖြေတာ။ လော့ဆိုတာ မကျဘူးမပြောနိုင်ဘူး။ ဒါကြောင့် ပြန်ဖြေတဲ့ နည်းက အခိုင်မာဆုံးပဲ။ ပြီးတော့ လွယ်တယ်ဆို အထင်မသေးလိုက်နဲ့။ Security Quesiton ကိုလည်း မမေ့လိုက်နဲ့ Security Question က အကောင့်တစ်ခု တစ်သက်မှာ အဲဒီ့တစ်ခါပဲပြောင်းလို့ရတယ်။ Hack ခံရလည်း ဘယ်လိုမှ Hacker က ချိန်းလို့မရတော့ဘူး။တစ်ခါထည့်ပြီး အသေပဲ..hacker က Email တွေ နာမည်တွေ အကုန်ချိန်းဗျာ ကြိုက်သလောက် Security Question ခင်ဗျားပိုင်ထားမှတော့ Anytime ပြန်ယူလို့ရတယ်.. Security Question က ဘယ်သူမှ ခိုးလို့မရတဲ့ကိုယ်ပိုင် သော့ပဲ.. ဒါ့ကြောင့်လွယ်လိုက်တဲ့နည်း ဆိုပြီး အထင်မသေးလေနဲ့ )

facebook lock ကျရင်ပြန်ယူနည်း

ယခုပြန်လည်မျှဝေပေးမှာကတော့FacebookမှာLockကျနေတာများထဲက အများဆုံးLockကျတဲ့Phone numberထည့်ဖို့ခက်ခဲနေတဲ့မြန်မာပြည်က သူတွေအတွက်ပါ။နိုင်ငံခြားမှာရှိသူတွေကတော့ ဖုန်းနံပါတ်ထည့်တဲ့နေရာမှာအားလုံးအဆင်ပြေကြပါတယ်။ Facebookကများသောအားဖြင့်မြန်မာပြည်က ဖုန်းနံပါတ်တွေထည့်ကြည့် Codeပြန်မပို့တာများတယ်။အဲဒီအခက်အခဲတွေကိုကျော်လွှားဖို့အတွက် 
အောက်ကနည်းလမ်းတွေအတိုင်းလုပ်ဆောင်ကြည့်ပါ။ (100%)ရစေရမယ်လို့အာမခံပါတယ်။ ကျွန်တော်ကိုယ်တိုင် အချိန်ကုန်ခံစမ်းသပ်ပြီး မြန်မာပြည်ကLockကျလို့ အကူညီတောင်းထားတဲ့ အစ်ကိုတဦးကိုလည်း သူ့အကောင့်ကို ယခုနည်းလေးစမ်းသပ်ရင်းနဲ့ ကူညီပေးလိုက်တာပါ။ 

ဒီနည်းလမ်းကိုစတင်ရှာဖွေတွေ့ရှိသူကတော့ သဇင်ကိုကို ပါ။သူက MMUGမှာပြန်လည်မျှဝေထားလို့ ကျွန်တော်က စမ်းသပ်ကြည့်ပြီးလုံးဝအဆင်ပြေလို့ ပြန်လည်မျှဝေလိုက်တာပါ။ သဇင်ကိုကို ကိုလည်း Creditဒီနေရာကနေဘဲပေးပါတယ်။ကဲ........ပြောနေတာနည်းနည်းများသွားပြီင်္။ အောက်ကနည်းအတိုင်း
လုပ်ကြည့်လိုက်ကြပါဗျာ..............

အရင်ဆုံးTextplusဆိုတဲ့ApkလေးကိုDownပါ။ Playstoreမှလည်းဒေါင်းယူနိုင်ပါတယ်။

<<>>

<<>>

DownပြီးPhoneထဲမှာ Installလိုက်ပါ။ပြီးရင် ဖွင့်လိုက်ပါ။အောက်ကပုံအတိုင်တွေ့ပါလိမ့်မယ်။
Sign Upကိုနှိပ်ပါ။
နိုင်ငံနှင့် မိမိအသုံးပြုမည့် G mailကိုထည့်ပါ။
မိမိရဲ့ဂျီမေးလ်ကို မေးလ်ပြန်ပို့ပါလိမ့်မည်။
မိမိရဲ့မေးလ်ထဲမှ Verifyဆိုတာလေးကိုနှိပ်ပါ။
Verifyလုပ်ပြီ်းသွားတာနဲ့အာက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။
အောက်ကပုံလေးအတိုင်းသွားပြီး Settingကိုနှိပ်ပါ
ဒီအောက်ကပုံလေးအတိုင်းအောက်ဆုံးနားမှာရှိတဲ့ ဖုန်းနံပါတ်ကိုစာရွတ်ပေါ်မှာရေးမှတ်ထားလိုက်ပါ။
ဒီအထိအားလုံးအဆင်ပြေတယ်ဆိုနောက်တခုကိုသွားပါမယ်..........
Yuilopဆိုတဲ့Apkလေးကိုဒေါင်းလိုက်ပါ။

<<>>

<<>>

ပြီးရင်ထုံးစံအတိုင်းInstallလိုက်ပါ။
ပြီးရင် ဖွင့်လိုက်ပါ။ အောက်ကပုံလေးအတိုင်းပေါ်လာပါမယ်။
အောက်ကနေရာမှခုနက Textplusမှာရရှိထားတဲ့ Phone Numberကိုထည့်ပေးပါ။ နိုင်ငံနေရာမှာတော့ United Statesကိုဘဲရွေးပါ။
မိမိထည့်တဲ့ဖုန်းနံပါတ်မှန်ပြီဆို Yesကိုနှိပ်ပါ။
 ဒီအဆင့်ထိရောက်ပြီဆိုရင် Comfirm Codeကိုထည့်ပေးရမှာပါ။ အဲဒီCodeကိုတော့ ကျွန်တော်တို့ရှေ့မှာဖောက်ထားခဲ့ Text plusရဲ့smsထဲမှာပါတဲ့Codeတွေကိုထည့်ပေးရမှာပါ။

နောက်တဆင့်ကိုဆက်သွားရင် ဒီနေရာကိုရောက်ရှိသွားပါလိမ့်မယ်။ဒီနေရာမှာမိမိဖေ့ဘွတ်မှာသုံးတဲ့နံမည်နဲ့G mailကိုထည့်ပေးလိုက်ပါ။
ဒါဆိုရင်တော့ အောက်ကပုံအတိုင်း Yuilopကနေသင့်ဖုန်းနံပါတ်တခုကိုရရှိမှာပါ။
 Get This numberကိုနှိပ်ပါ။


 အပေါ်ကပုံတွေအတိုင်းအားလုံးအဆင်ပြေပြီင်္ဆိုရင်တော့ အောက်ကပုံအတိုင်းသင့်ရဲ့Profileနဲ့ဖုန်းနံပါတ်ကိုရရှိသွားမှာဖြစ်ပါတယ်။
ပြီးရင်တော့ Lockကျနေတဲ့Facebookအကောင့်တခုကိုဖွင့်လိုက်ပါ။
ဖုန်းနံပါတ်တောင်းတဲ့နေရာရောက်ရင် နိုင်ငံနေရာမှာ United States(+1)ကိုရွေးချယ်ပြီးခုနက Yuilopမှာရထားတဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါ။
အောက်ကပုံအတိုင်းsms၀င်လာမှာပါ။
ဒါဆိုရင်တော့ အဲဒီSMSထဲကCodeကလေးယူပြီးFacebookရဲ့ Comfirm Codeနေရာမှာထည့်လိုက်ရင်အားလုံးအဆင်ပြေသွားပြီင်္း မိမိရဲ့လော့ကျနေတဲ့ Facebookအကောင့်လည်းပြန်လည်ရရှိသွားမှာပါ။ 
အားလုံးဘဲအဆင်ပြေကြပါစေ.........

12.21.2013

ကွန်ပျူတာပေါ်မှာ အင်္ဂလိပ်စာတွေကို အပုဒ်လိုက် အပိုဒ်လိုက် မြန်မာဘာသာ ပြန်ချင်းသူများအတွက်

 
Today Myanmar
ကွန်ပျူတာပေါ်မှာ အင်္ဂလိပ်စာတွေကို အပုဒ်လိုက် အပိုဒ်လိုက် မြန်မာဘာသာ ပြန်ချင်းသူများအတွက်
ကွန်ပျူတာပေါ်မှာ အင်္ဂလိပ်စာတွေကို အပုဒ်လိုက် အပိုဒ်လိုက် မြန်မာဘာသာ
ပြန်ချင်တယ်လို့တောင်းဆိုထားတဲ့သူငယ်ချင်း အတွက်တင်ပေးလိုက်ပါတယ်
ဒီဆော့ဝဲကမြန်မာပြည်ထုတ် Windows Myanmar Translator
ကိုယ်နားမလည်တဲ့အင်္ဂလိပ်စာတွေအများကြီးကိုတစ်ခါတဲ
အင်္ဂလိပ်စာကနေမြန်မာစာကိုဘာသာပြန်ပေးနိုင်ပါတယ်


မိမိဘာသာပြန်ချင်တဲ့အင်္ဂလိပ်စာကို copy ကူးပြီးအပေါ်ကအကွက်ထဲကို
Ctrl + V နှိပ်ပြီးထည့်လိုက်ပါပြီးရင်ဘယ်ဘက်ဘေးက
ဘာသာပြန်ပါ ဆိုတာကိုနှိပ်လိုက်ပါ ပြီးရင်ခဏလေးစောင့်လိုက်ပါ
ဘာသာပြန်တဲ့နေရာမှာ Zawgyi-One ကိုထားလိုက်ပါ
လိုအပ်ရင်အောက်မှာကြိုက်ရာကဒေါင်းလိုက်ပါ
http://www38.zippyshare.com/v/22394080/file.html
http://www.sharebeast.com/yvrv4u9kamv2

မူရင်း=https://www.facebook.com/photo.php?fbid=561196167300230&set=a.1150502785 

12.14.2013

ဖုန်းဝယ်မယ်ဆိုရင်

ကျန်တော်ပြောချင်တာလေးကတော့ ယ္ခုအခါဖုန်းဝယ်တဲ့ သူတော်တော်များများဟာ ဖုန်းလေးလှတာလေးတစ်ခုလောက်ကြည့်ပြီး  အလွန်းများတဲ့ ဈေးနှုန်းတွေကိုပေးပြီးဝယ်နေတာကိုတွေ့နေရပါတယ်ဝယ်ပြီးတဲ့ သူတွေရဲ့ဖုန်းတွေကို ကြည့်လိုက်တော့လည်း ဆယ်ယောက်တစ်ယောက် brand အစစ်ကိုမပိုင်ဆိုင်ရတာကိုတွေ့နေရတယ် သူတို့ကတော့ brand အစစ်ဆိုပြီးဝယ်လိုက်ရော ဝယ်ပြီးတော့လည်း ကိုယ့်ဖုန်းဟာ အစစ် လား အတုလား ဆိုတာတောင် မသိကြဘူး တစ်ခုပြောချင်တာက ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင် နာလည်တဲ့ သူတစ်ယောက်ယောက်ကိုခေါ်ပြီး သွားဝယ်တာအကောင်းဆုံးပါပဲ သူ့ကို လက်္ဘရည်တိုက်ကမှ အလွန်းကုန်း၃၀၀ လောက်ပါပဲ ၃၀၀၀ မကုန်ချင်ရန်တော့ ကျွန်တော် ပြောသလို ကြည့်ပြီး မှတ်ပြီး ဖုန်းဆိုင်ကို သွားပါ...
  1. ဖုန်းရဲ့ setting ထည်ကို သွားလိုက်ပါပြီးရင် Display ရှာလိုက်ပါတွေ့ရင်နှိပ်လိုက်ပါအဲဒီထည်းမှာfond style ကိုရှာလိုက်ပါတွေ့ရင်တော့ အဲဒီဖုန်းဟာ brand အစစ်ပေါ့ မတွေ့ရင်တော့ မဝယ်နဲ့နော် ဒီ နည်းက samsung ဖုန်းတွေအတွက်အစဉ်ပြေပါတယ်
  2. ဒီနည်းကတော့ လုံးဝကို သေချာပေါက် Android အတုအစစ်ခွဲခြားလို့ရတဲ့ နည်းလမ်းကောင်းလေးပါ...ဖုန်း ရဲ့ setting ထည်းကို သွားပြီး About Phone ထည်းကို ဝင်လိုက်ပါပြီးရင် Android Version 4.1.0 စသည်ဖြစ်ရေထားတဲ့နေရာလေးကို ၄ခါ ၅ခါလောက်နှိပ်လိုက်ပါစက်ရုပ်ခေါင်းလေးပေါ်လာလိပ်မယ် စက်ဖိထားရင်အဲဒီခေါင်းလေးဟာ ဘေးတိုက်လေးပြေးနေတာကိုတွေ့ရပါလိပ်မယ် ဒါဆိုရင်တော့ ဒီဖုန်း Android အစစ်ဆိုတာသေချာပါတယ်..Andriod Version 4.1.0 နေရာလေးကို နှိပ်လို့မှ ပန်ချီဆွဲထား သလိုလို.ပဲစေ့ တွေလိုလို တွေ့ရရင်တော့ အဲဒီ ဖုန်းဟာ ANDROID အစစ်မဟုတ်ပါဘူး မဝယ်မိစေနဲ့နော်....ဒီလောက်ဆိုရင် သူငယ်ချင်းတို့ သိလောက်ပြီထင်ပါတယ်နော်...

12.13.2013

သင့်ဖုန်းကို သင့်ကွန်ပျူတာ ဒါမှမဟုတ် တစ်ခြား Device တစ်ခုခုကနေ ထိန်းချုပ်နည်း

သင့် ဖုန်းဟာ google account ၀င်ထားပြီး google play ၀င်ရတယ်ဆိုရင်
သင့်ဖုန်းကို သင့်ကွန်ပျူတာ ဒါမှမဟုတ် တစ်ခြား device တစ်ခုခုကနေ ထိန်းချုပ်လို့ရပါတယ်
browser တစ်ခုခုကနေ အောက်ပါလင့်ကိုသွားလိုက်ပါ
သင့်ဖုန်းထဲဝင်ထားတဲ့ google account နဲ့sign in ၀င်လိုက်ပါ ပုံပါအတိုင်းတွေ့ရပါလိမ့်မယ် …
သင့်ဖုန်းတည်နေရာသိချင်ရင် location ပုံလေးနှိပ်ပါ
Ring ကတော့ သင့်ဖုန်းမှာ အသံလာမြည်စေဖို့ပါ
Lock ချလို့ရပါမယ်…
SD ကတ်ဖျက်ပြစ်လို့ ရပါမယ်..
ညဏ်ရှိသလို သုံနိုင်ပါတယ် Google ရဲ့ service တစ်ခုပေါ့ဗျာ…
မသိသေးသူတွေအတွက် ရည်ရွယ်တာပါ..

12.10.2013

ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်း

ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်းလေးပါ ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်းလေးပါ အသုံးလိုတဲ့သူများ သုံးလို့ရအောင်တင်ပေးလိုက်တာပါ Personal call, secret call အစရှိတဲ့ခေါ်ဆိုမူတွေမှာ ဖုန်းနံပါတ်တွေကိုမသိစေချင်ရင် ဖြောင့်ထား လို့ရပါတယ် ကဲအရင်ဆုံးအောက်မှာပေးထားတဲ့ Software နှစ်ခုကိုဒေါင်းလိုက်ပါ Hidden Call-hide your Caller ID. apk secretcall.apk ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် install ပါ..။    ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။ ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့  Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။ and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။ add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။ screenshots လေးပြထားပါတယ်...။ ကဲ ကျန်တာကတော့ သူငယ်ချင်းကိုယ်တိုင်ပဲ လုပ်ကြည့်လိုက်နော် ဒီလောက်ဆို သူငယ်ချင်းတို့အားလုံးနားလည်မယ်လို့ထင်ပါတယ် အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ မူရင်းနေရာဖြစ်တဲ့  ဒီလင့်ကို ဖွင့်ကြည့်ပါ

Original from: http://romarakhaing.blogspot.com/2013/07/blog-post.html#.UqcnXvQW1jY
မူလစာရေးသူ -->>မင်းသားချေ (နည်းပညာမှတ်စု)

ကွန်ပြူတာမြန်စေရန်နည်းလမ်း

ကိုယ်တိုင်ရေးထားတာတော့ မဟုတ်ဘူးနော်..ရိုးရိုးသားသားပြောတာပါ…သူများဆိုဒ်တွေကနေ စုဆောင်းထားတာပါ။ ဒိနည်းလမ်းလေးတွေကတော့ မိတ်ဆွေတို့ ရဲ့ ကွန်ပျူတာကို သွက်သွက်လက်လက်ဖြစ်လာစေ ပါလိမ့်မယ်…… (၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့ Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ြ ပီးပြီဆိုတာနဲ့ Restartပြန်လုပ်ပါ။ (၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။ - Start ကိုသွားပါ။ - Run box ကိုဖွင့်ပါ။ - “gpedit.msc” ဆိုပြီး ရိုက်ပါ။ - ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။ - “Administrative Templates” ကိုရွေပါ။ - “Windows components” ကို ရွေးချယ်ပါ။ - “Terminal services” ကိုရွေးချယ်ပါ။ - ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။ - Properties ကို ရွေးချယ်ပါ။ - ပြီးရင် “disable” ကို ရွေးချယ်ပါ။ (၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။ နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။ - Start ကို ကလစ်နှိပ်ပါ။ - Run box ကိုဖွင့်ပါ်။ - “% temp%” လို့ ရိုက်ထည့်ပါ။ - အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။) (၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။ နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။ - Start > Run box ကိုဖွင့်ပါ။ - “Prefetch” လို့ ရိုက်ထည့်ပါ။ - တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။ (၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။ - All Program ကိုသွားပါ။ - Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အ တွင်းမှာ ပုန်းကွယ်နေတဲ့ အ မှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အ နေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အ ချိန်မျိုးတွေမှာ သိပ်အ သုံးဝင်ပါတယ်။) (၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။ - Start > Run - “msconfig” လို့ရိုက်ပါ။ - “System configuration Utility” box ပေါ်လာပါမယ်။ - ညာဘက် အ စွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။ - ကိုယ့်အ တွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အ မှန်ခြစ် အ မှတ် အ သား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။ - Restart နဲ့ ပြန်စပါ။ (၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။ - Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။ - Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။ - မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။ - ပြီးရင် ‘Enter’ ခေါက်ပါ။ - Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။ - တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။ - cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။ (၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့ - XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။ - Start > Run > Regedit အဆင့်ဆင့်သွားပါ။ - Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။ - “System” ကို ကလစ် နှိပ်ပါ။ - “Current control set” ကို ကလစ် နှိပ်ပါ။ - “control” ကို ကလစ်နှိပ်ပါ။ - “Session Manager” ကို နှိပ်ပါ။ - “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။ - Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။ - Decimal value ကို “1″ ပြောင်းပေးပါ။ - Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။ (၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။ ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအ မြောက်အ မြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ အ လုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အ ခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အ ရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။ - Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။ - Win Zip Software ကို ဖွင့်ပါ။ - File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။ Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့ - ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။ - Advanced မှာ “Set password” ကို click နှိပ်ပါ။ - Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။ (၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။ ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။ - ပထမဆုံး my Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။ - Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။) အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။ - အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။ - ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။ - အဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။ (၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။ Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။ - ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။ - ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။ - ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။ - ‘pirority’ ကို High လုပ်လိုက်ပါ။ - ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။ (၁၂) Hibernate မလုပ်ပါနဲ့။ Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။ - Control Panel ကိုဖွင့်ပါ။ - Power Options ကို click နှိပ်ပါ။ - Hibernate ကို ရွေးချယ်ပါ။ - ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။) (၁၃) Memory နည်းပါးနေတဲ့ အခါ အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက်ပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန်သုံးစဲသွ လို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။ - Control Panel > System - Advanced tab ရွေးချယ်ပါ။ - ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။ နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အ ခုနည်းက OS ကနေ အ လိုအ လျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အ တွက် ကောင်းပါတယ်။ (၁၄) Automatic update ကို ပိတ်သင့်ပါသလား။ အ င်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အ ဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အ ဆိုးရော အ ကောင်းရော ဖြစ်စေပါတယ်။ အ ဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အ ကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။ - Control Panel > System - Automatic updating ကို Turn Off လုပ်ပေးပါ။ (၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။ - Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။ - ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။ - Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။ - အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။ - ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။ (၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။ - Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။ - နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။ - ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။ (XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။) (၁၇) Keyboard shotcut တွေကိုသုံးပါ။ Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Pasteဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။ (၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။ ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Webdesigner တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။ Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။ - Control Panel > Fonts ကို ဖွင့်ပါ။ - Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။ - ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။ (၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန် အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။ - Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။ (၂၀) Shift + Delete ကို သတိထားပါ။ ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။ (၂၁) Error report ကို ပယ်ဖျက်ပါ။ ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။ - Control Panel > System - ပြီးရင် Advanced ကို click နှိပ်ပါ။Aဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။ (၂၂) ‘Open-with’ ဆိုတာ ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အ လွန်အ သုံးဝင်ပါတယ်။ window media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အ ရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။) - ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။ - ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအ ရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ ဖွင့်လို့ ရပါတယ်။ (၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ် Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။ Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။ (၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။ ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စ်ီထားနိုင်ပါတယ်။ - Floder ကို ဖွင့်လိုက်ပါ။ - ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။ - Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။ (၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။ IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။ - IE ကို ဖွင့်ပါ။ - Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။ - Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။ (၂၆) Domain တွေကို key နဲ့ သုံးပါ။ - www. google.com ကို သွားဖို့ အ တွက် အ ရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။ - google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို short-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။ (၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။ Search box ဟာ အ လွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။ - Search window ကို ဖွင့်ပါ။ - Change preferences ကို click လုပ်ပါ။ - ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။ - Animated object မရှိတော့တဲ့ Aတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။ (၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။ (၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။ - Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။ - Start Menu ကို ကလစ်နှိပ်ပါ။ - Customize ကို ကလစ်နှိပ်ပါ။ - Advanced tab ကို ကလစ်နှိပ်ပါ။ - My Music ကို ရွေးချယ်ပါ။ (၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။ - လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။ - Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။) - ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။) - paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။) (၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။ - Control Panel > display - Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။ - နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။ - (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။) (၃၂) Pop-up တွေကို လက်မခံပါနဲ့။ Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။ (၃၃) Toolbar ပြုပြင်ခြင်း - firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။ - အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။ IE အတွက်ကတော့ - IE ကို ဖွင့်ပါ။ - View > toolbar > customize - အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။ (၃၄) Private data ကို လုံခြုံအောင်ထားပါ။ - IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။ Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။ - Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။ (၃၅) Entry တွေကို ရှင်းလင်းပါ။ - Start > Run - Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။ - HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။ - Software ကို ကလစ်နှိပ်ပါ။ - Microsoft ကို ကလစ်နှိပ်ပါ။ - Windows ကို ကလစ်နှိပ်ပါ။ - Current Version ကို ကလစ်နှိပ်ပါ။ - Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။ - Restart ပြန်လုပ်ပါ။ (၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။ များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်– - Control Panel > System - Hardware ကို ရွေးချယ်ပါ။ - Device Manager ကို ကလစ်နှိပ်ပါ။ - ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။ (၃၇) Restore point ကို ဖျက်ပစ်ပါ။ ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင်အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။ - Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ ဆက်တိုက် သွားပါ။ - အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။ (၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။ - Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။ - Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။ (၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။ ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။ - My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။ - ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။ - ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။ - Change icon ကို ကလစ်နှိပ်ပါ။ - ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။ (၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း ‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။ အဲဒီထက် ကောင်းတဲ့ နည်းကတော့- - Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။ - Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။ အဆင်ပြေကြပါစေ။

Original from: http://romarakhaing.blogspot.com/2012/09/conputer.html#.UqcbCvQW1jY
မူလစာရေးသူ -->>မင်းသားချေ (နည်းပညာမှတ်စု)

12.09.2013

ကွန်ပြူတာမလို root မယ်

ဖုန်းထဲကဘဲRootချင်သူများအတွက်Framaroot-1.4.1

ဒီApkလေးကတော့ ဖုန်းထဲမှာပဲ အလွယ်တကူRootလို့ ရမှာပါ
Rootနိင်တဲ့ အမျိုးအစားတွေကို ကန့် သက်ပေးထားပါတယ်
အောက်မှာကြည့်လိုက်ပါ

ဒီမှာဒေါင်းလော့ယူပါmediafire
ဒီမှာလည်းရပါတယ်zippyshare

                              Compatibility for Qualcomm devices :
Asus Padfone 1/2
Asus Padfone Infinity
BW T18+ (Fortis Evo)
Cloudfone Thrill 430x
DNS S4504/S4503/S4502
Gigabyte GSmart G1315 Skate
Gigabyte GSmart Rio R1
Google Nexus 4
Highscreen Spark/Blast/Strike/Boost
Huawei Honor Pro (U8950-1)
Huawei U8815/U8816 Ascend G300/G301
Huawei U8825D Ascend G330D
Karbonn Titanium S5
LG L7 II P710/P714/P715
LG Optimus G E970
LG Optimus L3 II E425
LG Optimus L5 E610/612/615
LG Optimus L7 P700/Р705
MEDION LIFE P4013
Micromax A111 Canvas Doodle
Orange Nivo
Samsung Galaxy Win I8552
Sharp Aquos Phone SH930W
Sony Xperia E C1505/Dual C1605
Sony Xperia L C210X
teXet TM-3204R
teXet TM-4677
ZTE V880G/ZTE V955
Waiting feedbacks ...

Compatibility for Samsung devices :
Samsung Galaxy Core GT-I8262
Samsung Galaxy Proclaim S720C
Samsung Galaxy Young GT-S6312/GT-S6310
Samsung Lightray SCH-R940
Waiting feedbacks ...

Compatibility for Exynos devices :
AT&T Galaxy Note 2 SGH-I317
Highscreen Explosion
Impression 9702 (Exynos 4412)
Lenovo K860
Newman N2
Samsung Galaxy Camera EK-GC100
Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013, GT-N8020
Samsung Galaxy Note 2 GT-N7100
Samsung Galaxy Note 2 LTE GT-N7105
Samsung Galaxy Note 8.0
Samsung Galaxy Note GT-N7000
Samsung Galaxy S GT-i9000
Samsung Galaxy S2 AT&T SGH-I777
Samsung Galaxy S2 Epic 4G Touch - SPH-D710
Samsung Galaxy S2 GT-I9100
Samsung Galaxy S3 GT-I9300
Samsung Galaxy S3 LTE GT-I9305
Samsung Galaxy Tab Plus GT-P6200/GT-P6210
Samsung Galaxy Tab 7.7 GT-P6800/GT-P6810
Samsung SGH-i997 Infuse 4G
T-Mobile Galaxy Note 2 T-889
Verizon Galaxy Note 2 SCH-I605
iBerry Auxus CoreX2 3G and CoreX4 3G

Compatibility for Omap36XX devices :
Archos Gen8
Cliq 2 MB611
Coolpad Quattro 4G
Droid 2 (a955)
Droid 2 Global (a956)
Droid X (MB810)
LG Marquee LS855
LG P970 Optimus Black
Motorola DEFY+ (MB525 / MB526)
Motorola Droid PRO
Motorola Droid X
Parrot ASTEROID Smart
R2D2 (a957)


Z4root နဲ့လည်း root ရပါတယ်

iPhone တွေမှာ Jailbreak လုပ်ထားမှသာ စိတ်ကြိုက် Crack App တွေ/ Myanmar Font တွေသွင်းလို့ ရသလို Android တွေမှာလဲ Myanmar Font တို့ ဘာတို့ သွင်းချင်ရင် root လုပ်ပေးရပါတယ်။ Android Phone တွေအတွက် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး root လုပ်နည်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်အခုတင်ပြမယ့် root လုပ်နည်းက z4root ကိုသုံးပြီး root လုပ်တဲ့နည်းလေးပါ။ Android Version 2.3.3 တွေကိုတော့ z4root နဲ့လုပ်လို့မရပါဘူး။ z4root ကဖုန်းတိုင်းနဲ့လဲ မကိုက်ညီပါဘူး။ z4root နဲ့ root လုပ်လို့ရမယ့် ဖုန်းအမျိုးအစားတွေကိုအောက်မှာဖော်ပြပေးလိုက်ပါမယ်။ Samsung Galaxy S (All variants) Backflip Sony Xperia X10 Sony Xperia Mini Drod 2 Galaxy Tab Galaxy I5700 Galaxy 3 I5800 Droid X Samsung Acclaim Cricket Huawei Ascend Motorola Cliq Huawei 8120 Hero Optimus T Droid 1 (z4root 1.2.1) Garmin Asus A50 Motorola Defy LG Ally အဲဒီဖုန်းအမျိုးအစားတွေကိုပဲ z4root နဲ့ root လုပ်လို့ ရပါတယ်။ 1. z4root App လေးကို အရင် download ဆွဲလိုက်ပါ။ (Download - z4root 3.0.1) 2. မိမိဖုန်းထဲမှာ z4root ကို install လုပ်ပါမယ်... မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ အဲဒီမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။ 3. ဖုန်းထဲမှာ z4root ကိုဖွင့်လိုက်ပါ... 4. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။ Permanent root ကိုပဲရွေးပေးလိုက်ပါ။ Temporary Root ကိုရွေးပေးမယ်ဆိုရင် ဖုန်းကို Power ပိတ်ပြီးပြန်ဖွင့်ခဲ့ပါက root လုပ်ထားတာတွေအကုန်ပျက်သွားပါလိမ့်မယ်။ 5. Permanent root ကိုရွေးပေးပြီး ဖုန်း root လုပ်နေချိန်ကိုခဏစောင့်ပါ။ ခဏနေရင် restart ဖြစ်သွားပါလိမ့်မယ်။ Power ပြန်ပွင့်လာလို့ရှိရင် မိမိရဲ့ဖုန်းထဲမှာ Super User ဆိုတဲ့ App လေးတစ်ခုတိုးလာလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ root လုပ်ပြီးသားဖုန်းဖြစ်သွားပါပြီ။ Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။ Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ်အတားအစီးမရှိ ကလိလို့ရနေမှာပါ။ တချို့ System အပိုင်းတွေကို ထိခိုက်သွားမယ်ဆိုရင်တော့ စာရေးသူနှင့် မည်သို့မှ မသက်ဆိုင်ပါလေ...။ :)

ANDROID ဖုန်းတွေကို အလွယ်ဆုံး ROOT လုပ်မယ်

ဒီနည်းက z4root နဲ့  အဆင်မပြေတဲ့သူတွေအတွက်ပါ။ GingerBreak-v1.20.apk လေးကို ဖုန်းထဲမှာ install လုပ်ပြီး root လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။ Download GingerBreak-v1.20.apk 1. အရင်ဆုံး Settings >> Applications >> Unknown Sources ကို အမှန်ခြစ်ပေးလိုက်ပါ။ Settings >> Applications >> Development >> USB Debugging ကို လဲ အမှန်ခြစ်ပေးလိုက်ပါ။ 2. အပေါ်ကအဆင့်ပြီးသွားရင် ဖုန်းထဲမှာ GingerBreak Application လေးကိုဖွင့်ပြီး Root Device ကိုနှိပ်လိုက်ပါ။ Root လုပ်နေချိန်ကို ခဏစောင့်လိုက်ပါ။ Root လုပ်ပြီးသွားရင် ဖုန်း reboot ဖြစ်သွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ သင့်ဖုန်းဟာ root လုပ်ပြီးသားဖုန်း ဖြစ်သွားပါပြီ။ Superuser ဆိုတဲ့ Application လေးတစ်ခု တိုးလာတာကိုေ

ကားမောင်းရင် VIDEO မှတ်တန်းတင်မယ်

ဒီကောင်လေသွင်းထားပါ သုံးရတာလည်းလွယ်တယ် https://www.dropbox.com/s/tt00yigwtvb3c5v/Detective%20Video%20Recorder.apk?dl=0 Posted via Blogaway